Relationship

သင့်ကောင်လေးက ဒီလိုမျိုးလေးတွေလုပ်နေရင် သင့်ကိုအရမ်းလွမ်းနေလို့ပါ

မိန်းကလေးတွေဟာ ချစ်သူနဲ့ မတွေ့ရတဲ့ အချိန်တွေမှာဆိုရင် သူ့ချစ်သူက သူ့အကြောင်းတွေးလား၊ လွမ်းရောလွမ်းရဲ့လားဆိုတာကို အမြဲတမ်းသိချင်နေကြပါတယ်။ သင်နဲ့အတူတူ မရှိတဲ့ အချိန်တွေမှာ ဒါမျိုးတွေ လုပ်နေရင်တော့ သင့်ကိုသူ အရမ်းလွမ်းနေလို့ပါ။ (၁) စာတွေအများကြီးပို့တယ် ဒါဟာ သင့်ကို သူလွမ်းကြောင်း ထင်ရှားနေတဲ့ အချက်ပါ။ သူဟာ ပုံမှန်ဆို စာတစ်စောင်တောင် ပို့လေ့မရှိပေမယ့် သင်တို့ဝေးတော့မှ စာတွေ အများကြီးပို့နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်ကိုသူ စကားတွေပြောချင်နေပြီး ဒီလိုစာတွေ အများကြီးပို့လိုက်ခြင်းဖြင့် သူ့ရင်ထဲမှာ […]

Relationship

ချစ်သူကောင်မလေးကို အမြဲပြောပေးသင့်တဲ့ စကား (၈) ခွန်း

အချစ်ရေးရေရှည်တည်မြဲဖို့ဆိုရင် နှစ်ဦးနှစ်ဖက် ထိန်းသိမ်းရမယ့်အပိုင်းလေးတွေ ရှိပါတယ်။ သင်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ဒီအချစ်ရေးကို အဆုံးထိခိုင်မြဲချင်တဲ့သူဆိုရင် သင့်ချစ်သူကောင်မလေးအတွက် သင့်ဘက်က လုပ်ဆောင်ပေးရမယ့်အရာလေးတွေ ရှိပါတယ်။ လူတိုင်းဟာ ချီးမွမ်းပြောဆိုတာ ခံချင်တတ်ကြတာချည်းပါပဲ။ ပြီးတော့ သူဟာ သင့်ဘဝမှာ မရှိမဖြစ်အရေးပါတဲ့သူတစ်ယောက်ဆိုတာကိုလည်း သင်ပြောတာမျိုး ခံချင်မှာပါ။ အဲ့ဒီအချက်ကလေးတွေပေါ်မူတည်ပြီး သင့်ချစ်သူကောင်မလေးကို နေ့တိုင်းပြောဆိုပေးရမယ့် အရာလေးတွေ ပြောပြပေးချင်ပါတယ်။ ၁။ ကိုယ်မင်းကိုချစ်တယ်။ ဒီစကားကရိုးလွန်းတယ်လို့ ထင်ရပေမယ့် သင်တို့နှစ်ဦးအတွက် တကယ်ကို လိုအပ်ပါတယ်။ သင်အလုပ်မသွားခင်၊ ဒါမှမဟုတ် […]

Relationship

ဒီလိုမိန်းကလေးမျိုးကို ချစ်သူတော်ထားရတာ ထီပေါက်တာထက်ကို ကံကောင်းပါတယ်…

သင့်အပေါ်ကို အချစ်စစ် အချစ်မှန်နဲ့ ချစ်ပေးနေတဲ့ မိန်းကလေးတစ်ယောက် ပိုင်ဆိုင်ထားရတယ်ဆိုတာ သင့်အတွက်အရမ်းကံကောင်းပါတယ် ။ သင့်အနေနဲ့ ဒီလိုမိန်းကလေးမျိုးကို အမှန်တကယ် တန်ဖိုးထားပြီး ချစ်တတ်ဖို့ လိုအပ်ပါတယ် ။ ဘယ်လို မိန်းကလေးမျိုးလဲ ဆိုတာ ကြည့်လိုက်ရအောင်… ၁။ သင့်ဘက်မှာ အမြဲရပ်တည် နေတတ်တဲ့ မိန်းကလေး။ အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ […]

Relationship

ဒီအရာ(၅)ခု မရှိဘူးဆိုရင် သင်တို့ အချစ်ရေးက ရေရှည်ခိုင်မြဲဖို့ မလွယ်

ချစ်သူနှစ်ဦးကြား အမှန်တကယ်လိုအပ်တဲ့ အရာ (၅) ခုရှိပါတယ်။ ဒီအရာ(၅)ခုရှိမှသာ သင်တို့ ချစ်သူစုံတွဲက ရေရှည်လက်တွဲသွားနိုင်မှာပါ။ ၁။ လုံခြုံနွေးထွေးမှု ။ အချစ်တစ်ခုမှာ အဓိက လိုအပ်နေတာ လုံခြုံနွေးထွေးမှုပဲ ဖြစ်ပါတယ်။ ချစ်သူကို ကိုယ်ထိလက်ရောက် နှိပ်စက်တာမျိုးတွေ မလုပ်သင့်သလို၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာမျိုးတွေလဲ မလုပ်သင့်ပါဘူး။ ချစ်သူနှစ်ဦးရဲ့ စိတ်ထဲမှာ လုံခြုံနေဖို့ လိုပါတယ်။ ဒါမှလဲ ဘယ်တော့မှ လမ်းမခွဲရဘူးလို့ စိတ်ထဲမှာ ယုံကြည်လာမှာ ဖြစ်ပါတယ်။ ၂။ […]

Relationship

မိန်းကလေးတစ်ယောက် သူ့ကောင်လေးကို အရမ်းချစ်လာရင် ဒါတွေလုပ်တတ်တယ် …

အချစ် ဆိုတဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့ ခံစားချက်ကြီးဟာ မိန်းကလေး တစ်ယောက်ရဲ့ နှလုံးသား မှာ အမြစ်တွယ်ပြီဆိုရင် အဲ့ဒီ မိန်းကလေး မှာ ပြောင်းလဲမှုတွေ အလိုလိုဖြစ်လာတော့တာပဲ။ ပိုလှချင်လာတယ်၊ ပျော်ရွှင်မြူးတူးလာတယ်။ ပိုပြီးတော့လည်း တွေးတတ်လာတယ်။ အမူအရာ တွေကလည်း ပြောင်းလဲလာတယ်။ အထူးသဖြင့် ချစ်သူ နဲ့တွေ့ရင် ကလေးဆန်သွားတော့တာပဲ။ ဒါကြောင့်လည်း ဒါတွေလုပ်တတ်လာကြတယ်။ ၁။ အနား ကို အရမ်းကပ်တယ်။ တူတူထိုင်နေရင်တောင်မှ ဘေးချင်းကပ်ထိုင်နေချင်တယ်။ ချစ်သူရဲ့ကိုယ်သင်းနံ့က ဘယ်လိုရှိတယ်ဆိုတာလည်း […]

Relationship

ပျော်ရွှင်နေတဲ့ ချစ်သူတွေကြားမှာ ဒီနားလည်မှု (၈) ချက် ရှိပါတယ် …

နားလည်မှုတွေ ရှိမှသာ သင်တို့ နှစ်ယောက်ရဲ့ အချစ်ရေးက ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်နိုင်မှာပါ။ ၁။ ဦးစားပေးအဆင့်ကို သတိထားပါ။ ချစ်သူဘဝက ကြာလာပြီဆိုရင် ချစ်သူထက် ဦးစားပေးသင့်တဲ့အရာတွေက များလာတတ်ပါတယ်။ ဥပမာ အလုပ်ကို ဦးစားပေးလွန်းအားကြီးလို့ ရန်ဖြစ်ရတဲ့ အတွေ့အကြုံလည်းရှိမှာပါ။ ၂။ ဆုံးဖြတ်ချက်ကို မြန်မြန်နဲ့ တိတိကျကျ။ နှစ်ယောက်စလုံးဟာ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေရှိလို့သာ ချစ်သူတွေဖြစ်လာကြတာပါ။ ချစ်ကြိုက်တဲ့ကာလကကြာလာရင်တော့ ဆုံးဖြတ်သင့်တဲ့ကိစ္စတွေမှာ ချက်ချင်းမဆုံးဖြတ်နိုင်သလို၊ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့တွေလုပ်လာတတ်ပါတယ်။ ချစ်သူသက်တမ်းမှာ […]

Relationship

ချစ်သူနဲ့ ရန်ဖြစ်နေချိန်မှာ ကောင်လေးတွေ ပြောသင့်တဲ့ စကား (၈) ခွန်း

အငြင်းပွားနေကျပုံစံတွေကို ပြောင်းလဲပစ်လိုက်ပါ။ ချစ်သူနှစ်ဦး ပြသနာတွေ တက်တဲ့အခါတိုင်း၊ အငြင်းပွားရတဲ့ အခါတိုင်း ဒီနည်းလေးတွေအတိုင်း ပြောကြည့်ပါ။ ဒါ နှစ်ဦးနှစ်ဖက် အနိုင်ရစေမယ့် နည်းတွေပေါ့။ ၁။ ကိုယ်ပြောချင်တာလေးကို သဘောပေါက်အောင် ကြိုးစားပေးပါ။ ကိုယ်ပြောချင်တာကို ဂရုတစိုက် နားထောင်စေချင်လို့ ပြောတာမှန်း တစ်ဖက်လူသိပါတယ်။ သူပြောတာကိုလည်း အရေးတယူ ပြန်နားထောင်ပေးဖို့တော့ လိုပါတယ်။ ၂။ ဒီကိစ္စမှာ ကိုယ့်ဘက်ကလည်း တာဝန်ရှိမှန်းသိတယ်။ နှစ်ဦးနှစ်ဖက် ပါဝင်ပတ်သက်ရမယ့် အနေအထားဆိုတာ သင်သိတဲ့အကြောင်း ပြောပါ။ […]

Relationship

ချစ်သူကို တုန်နေအောင် ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ဆီမှာ ဒီ အပြုအမူ (၇) ချက်ရှိ

ဟန်ဆောင်မှုတွေများလွန်းတဲ့ ဒီကမ္ဘာကြီးမှာ သင့်ချစ်သူ၊ လက်တွဲဖော်က သင့်ကို တကယ်မေတ္တာရှိမရှိဆိုတာကလည်း သိနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။ ဒါပေမယ့် အဖြစ်မှန်အခြေအနေကို သိနိုင်တဲ့ သဲလွန်စတချို့တော့ရှိပါတယ်။ ၁။ သင့်မျက်လုံးကို ငေးစိုက်ကြည့်နေခြင်း ။ သူတို့ကောင်မလေးတွေကို တကယ်ဂရုစိုက်တဲ့ ကောင်လေးတွေဟာ မျက်လုံးကို အမြဲစူးစိုက်ကြည့်နေတတ်ပါတယ်။ ဒါဟာ သင်ဘယ်လို စိတ်ခံစားမှုမျိုးဖြစ်နေလဲ သိချင်လို့ ဖြစ်ပါတယ်။ မျက်လုံးဆိုတာ လူ့အတွင်းစိတ်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။ ၂။ ခွင့်လွှတ်ဖို့ ဝန်မလေးခြင်း ။ ကောင်မလေးကို […]

Relationship

လက်ရှိချစ်သူလေးနဲ့ အတိတ်ဘဝက ရေစက်ပါ ၊ မပါ ဆိုတာ သိနိုင်မယ့် အချက် (၄) ချက်

ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး […]

Relationship

ကိုယ့်ထက် အသက်ငယ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားရင် ဒီလို ကောင်းကျိုးတွေ ရရှိမယ်

ကိုယ့်ထက်ငယ်တဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ သူတွေဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ပြောဆိုဝေဖန်ခြင်းတွေကို ခံရစမြဲပါ။ အမှန်တော့ ကိုယ်တွဲနေတဲ့သူက ဘယ်လိုလူမျိုုးလဲ၊ စိတ်ချယုံကြည်ရတဲ့သူ ဟုတ်မဟုတ်ဆိုတာ ကိုယ်သာ အသိဆုံးပါ။ သူ့အသက်အရွယ်က ကိုယ့်ထက်ငယ်လို့ ကိုယ်ကချည်းအလျှော့ပေးနေရလိမ့်မယ်လို့ ထင်နေရင်လည်းမှားနိုင်သလို ကိုယ့်ထက် အသက်ကြီးတဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားလို့ သူကချည်း ကိုယ့်ကိုဦးဆောင်ပြီး အနာဂတ်လမ်းမပေါ် လျှောက်လှမ်းသွားနိုင်မယ်ဆိုတာကလည်း မှားယွင်းတဲ့အတွေးအခေါ် အယူအဆပါပဲ။ ဒီတော့ ကိုယ့်ထက်ငယ်တဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားတဲ့ သူတွေအတွက် ကောင်းကျိုးလေးတွေ ဖော်ပြပေးချင်ပါတယ်။ ၁။ သူ့ကြောင့် ခွန်အားတွေရှိလာမယ်၊ […]