News

ကိုရီးယားဝတ်စုံတွေ ဝတ်ပြီး အမိုက်စားပို့စ်တွေပေးကာ ပျိုမဒီတို့ရဲ့အသဲကို လှုပ်ခတ်သွားအောင် လုပ်လိုက်တဲ့ Project K

ပရိသတ်ကြီးရေ Project Kအဖွဲ့ဟာဆိုရင် ဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေကြတဲ့ ပျိုမဒီတို့ရဲ့အသဲစွဲ အဆိုတော်မင်းသားလေးတွေပဲ ဖြစ်ပါတယ်။Project Kအဖွဲ့ဟာ မကြာခင်သေးခင်က ကိုရီးယားမှာ Training အနေနဲ့ သွားရောက်ခွင့် ရခဲ့ကာ တန်ဖိုးမဖြတ် နိုင်တဲ့ ပညာတွေ သင်ယူခွင့်ရခဲ့တဲ့ အဖွဲ့ဆိုတာ ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါနော်။ Project Kအဖွဲ့ဟာဆိုရင် နာမည်ကြီး Dancerအဖွဲ့ဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပမှာပါသွားရောက်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်နော်။ယခုလည်း သူတို့အဖွဲ့ရဲ့ကိုရီးယားမှာရှိနေစဉ်က ကိုရီးယားဝတ်စုံ ကိုယ််စီနဲ့ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာတာပဲဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ပုံလေးတွေနဲ့အတူ Project […]

News

ငယ်ဘဝ ပုံရိပ်လေးတွေကို ပရိသတ်တွေဆီ ပြန်လည် မျှဝေလာတဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ မင်းသားချောလေးထွန်းထွန်းဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး မိန်းကလေးတွေရဲ့ အသဲစွဲ မင်းသားလေးတစ်လက်ပဲဖြစ်ပါတယ်နော်။ထွန်းထွန်းဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ထွန်းထွန်းဟာဆိုရင် အဆိုတော်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြန်ပါသေးတယ်နော်။ ထွန်းထွန်းဟာ နှင်းဆီအငြိမ့်အဖွဲ့မှာလည်း လူရွှင်တော်တစ်ယောက်အနေနဲ့ပါဝင်ခဲ့ပြီး ပီပြင်တဲ့ဟာသပျက်လုံးတွေနဲ့အတူ ပရိသတ်တွေရဲ့ ရင်ကို အမောပြေစေခဲ့ပါတယ်။လက်ရှိမှာတော့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတဲ့ထွန်းထွန်းကယခုလည်း သူရဲ့ငယ်ဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ဖော်ပြသထားတာကိုတွေ့ရပါတယ်။ ထွန်းထွန်းက”လူကငယ်ပေမယ့် ပဲပေး မငယ်ခဲ့ပါ”ဆိုပြီး ချစ်စရာကောင်းတဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပရိသတ်တွေဆီပြန်လည်မျှဝေလာတာကို တွေ့ရပါတယ်နော်။ထွန်းထွန်းဟာငယ်ငယ်ကတည်းက ရုပ်ရည်ချောမောပြီး အိုက်တင်အပြည့်နဲ့ […]

News

ခင်ပွန်းဖြစ်သူရဲ့နာမည်ကိုသုံးပြီး သူမကိုအကောင့်တုနဲ့ စကားလာပြောကြောင်း ပြောပြလာတဲ့ မြသင်းချယ်

ပရိသတ်ကြီးရေ မြသင်းချယ်ဟာဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတစ်ခုကို ရရှိခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်ခဲ့သူ ဂျွန်ကိုရဲ့အစ်မအရင်းဖြစ်ပြီး ယခုဆိုရင်တော့ မင်းသားချော နေထူးနိုင်ရဲ့ အချစ်ရဆုံးဇနီးလေးဖြစ်လို့နေပါပြီ။ချစ်စရာကောင်းတဲ့ သားချောလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစု ဘဝလေးကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်။ လက်ရှိမှာတော့ မြသင်းချယ်ဟာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး သားလေးတွေကို ဂရုစိုက်ပြုစုရင်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့ နေလျက်ရှိပါတယ်။ခင်ပွန်းဖြစ်သူ နေထူးနိုင်ကလည်းမိသားစု စုံစုံလင်လင်နဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မကြာခဏတင်ပြလေ့ရှိပါတယ်။ယခုလည်းမြသင်းချယ်က ခင်ပွန်းရဲ့နာမည်နဲ့ အကောင့်တုတစ်ခုက သူမကိုစကားလာပြောကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားတင်ပြထားပါတယ်။ မြသင်းချယ်က”အကောင့်တုကြီးနဲ့ […]

News

ချစ်သမီးလေးအတွက် ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်နေတဲ့ ခင်ပွန်းဖြစ်သူကို ဗီဒီယိုလေးရိုက်ကာ အမွှန်းတင်လိုက်တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ဟာ ဆိုရင် အနုပညာလောကမှာရော ဂီတလောကမှာပါ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ သရုပ်ဆောင်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။သူမနဲ့ နှုတ်ခမ်းလေးကအစချွတ်ဆွတ်တူတဲ့ အရမ်းချစ်စရာကောင်းတဲ့သမီးလေးကို ပိုင်ဆိုင်ထားပြီး ခင်ပွန်းဖြစ်သူကလည်း ဂရုစိုက်ကြင်နာတတ်လို့ သူမတို့ရဲ့မိသားစုဘဝလေးဟာ အလွန်သာယာချမ်းမြေ့စရာကောင်းတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်နော်။ စန္ဒီမြင့်လွင်ဟာ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပြီး အားလပ်တဲ့အချိန်တွေမှာဆိုရင် ချစ်သမီးလေးအတွက် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်လေ့ရှိပါတယ်။ယခုလည်းချစ်ရတဲ့ခင်ပွန်းဖြစ်သူက သမီးလေးအတွက် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတာကို ဗီဒီယိုလေးရိုက်ကာ အမွှန်းတင်ပြောဆိုထားတာကိုတွေ့ရပါတယ်။စန္ဒီမြင့်လွင်က”အားလပ်ချိန်ရတိုင်း သူ့သမီးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးရမှ ကျေနပ်တဲ့ထရက်ရှာဖေဖေ 😘😘😘ပုံမှန်ဆို ကိုယ်ရောသူရော ကအလုပ်တွေနဲ့။ သူလည်း သူ့အလုပ်ကိစ္စအပြင်သွား၊ […]

News

အရည်အသွေးကောင်းပြီး တန်ဖိုးကြီးတဲ့ လက်ကောက်ကို ချစ်ဇနီးလေးအတွက် ဝယ်ပေးခဲ့တဲ့ ရွှေထူး

ပရိသတ်ကြီးရေ ရွှေထူးနဲ့ ရွှေမှုံဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်အလွန် ချစ်ကြပြီး သာယာလှပတဲ့ ဘဝလေးကို နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။လူုငယ်ပရိသတ်တွေရဲ့အားကျအတုယူခြင်းကိုလည်း ခံရတဲ့နတ်ဖက်တဲ့စုံတွဲလေးလည်းဖြစ်ပါတယ်နော်။ ယခုလည်းရွှေထူးက ပရိသတ်တွေအားကျရအောင် ချစ်ဇနီးလေးရွှေမှုံအတွက် အရည်အသွေးကောင်းတဲ့တန်ဖိုးကြီး လက်ကောက်လေးတစ်ကွင်းကို ဘာအထိမ်းအမှတ်မှမဟုတ်ပဲ အမြတ်တနိုးနဲ့ ဝယ်ပေးပြီး ချစ်ဇနီးလေးကို ပျော်ရွှင်စေခဲ့ပါတယ်။ရွှေမှုံလေးကလည်း ချစ်ခင်ပွန်းဝယ်ပေးတဲ့ လက်ကောက်လေးကိုဝတ်ပြီး အရမ်းကိုပျော်ရွှင်နေတာကိုတွေ့ရပါတယ်နော်။ ရွှေထူးက ချစ်ဇနီးအပေါ်ထားတဲ့ ချစ်မေတ္တာတွေဟာ တကယ်ကို အားကျစရာကောင်းပါတယ်နော်။ရွှေထူးနဲ့ ရွှေမှုံလေးတို့ရဲ့အရမ်းကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးဟာ ဒီ့ထက်မကသာယာလှပတဲ့ အနာဂတ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ Yin […]

News

ပြင်ဦးလွင်မှာ လှူထားတဲ့ ခမ်းနားလှတဲ့ ကျောင်းဆောင်ကြီးကို ထုတ်ပြလိုက်တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ပြီး ကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ်။ယခုဆိုရင်တော့ စမိုင်းလ်ဟာအနုပညာလောကကို တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး အလှူအတန်းတွေကိုလည်း စိတ်အားထက်သန်စွာနဲ့ လှူဒါန်းလျက်ရှိပါတယ်။ ချစ်ခင်ပွန်းနဲ့ အတူ ချစ်စရာသမီးချောလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့သူဖြစ်ပါတယ်နော်။ လတ်တလောမှာတော့ သူမဟာအဖွားဖြစ်သူ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးဒေါ်ခင်လေးဆွေကိုလည်း ဂရုစိုက်စောင့်ရှောက်နေတဲ့ မြေးလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။မကြာသေးခင်ကလည်း ပတ္တမြားဒေါင်းလေးကို လေလံအောင်ခဲ့ပြီး ကိုဗစ်ရန်ပုံငွေအတွက်လှူဒါန်းခဲ့ပါသေးတယ်နော်။ယခုလည်း သူမကပြင်ဦးလွင်မှာ လှူဒါန်းထားတဲ့ ခမ်းနားလှတဲ့ ၂ထပ်ကျောင်းဆောင်ကြီးကို […]

News

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကို လွမ်းဆွတ်တမ်းတရင်း ကဗျာလေးတစ်ပုဒ် ရေးစပ်ထားတဲ့ ခေးဆက်သွင်

ပရိသတ်ကြီးရေ ခေးဆက်သွင်ဟာဆိုရင် MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် အနုပညာလောကကို လျှောက်လှမ်းလာတာ ယခုဆိုရင် အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်။လက်ရှိမှာတော့ မိခင်ဖြစ်သူနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ခေးဆက်သွင်ဟာ အပျော်တမ်းTit Tok လေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကိုလည်း သူငယ်ချင်းတွေနဲ့အတူ မကြာခဏဆော့ပြလေ့ရှိပါတယ်။ ယခုလည်း”အားလုံးက မှတ်မှတ်ရရ အစီအစဉ်မှာခေးရွတ်ပြတဲ့အဖေဆိုတဲ့ ကဗျာလေး တင်ပေးပါ ဆိုလို့ တင်ပေးလိုက်ပါတယ်နော်…ကိုယ်တိုင်ရေးထားတဲ့ ကဗျာလေးမို့ အမှတ်တရ သိမ်းဆည်းနိုင်ကြပါစေရှင့်..”ဆိုပြီး ဖခင်ကို လွမ်းဆွတ်သတိရရင်း ကဗျာလေးတစ်ပုဒ်ကို မျက်ရည်ကျကာ ရေးစပ်ထားပါတယ်။ ခေးဆက်သွင်ရဲ့ကဗျာလေးကတော့”အဖေ…ကြာခဲ့ပါပြီအဖေ ရက်တွေလည်းပြောင်း […]

News

သူမအိမ်ကို ငှက်စာလာရောင်းတဲ့ ကောင်လေး တစ်ယောက်ရဲ့အကြောင်းကို ပြောပြလာတဲ့ ချမ်းမီမီကို

ပရိသတ်ကြီးရေ မင်းသမီးချောလေး ချမ်းမီမီကိုဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ပြီးသား မင်းသမီးတစ်လက်ဖြစ်ပြီး တီဗီကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယခုဆိုရင်တော့ ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ဘဝကိုပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ချမ်းမီမီကိုဟာ အပျော်တမ်း Tit Tokလေးတွေကိုလည်း ချစ်စရာအမူအရာလေးတွေနဲ့ ဆော့ပြလေ့ရှိပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာလုပ်ငန်းတွေနဲပါး နေတာကြောင့် သူမရဲ့တစ်နေ့တာကို သားလေးနဲ့ပဲ အချိန်ကုန်နေတာဖြစ်ပါတယ်။သားလေးရဲ့ အနာဂတ်အတွက် အနုပညာအလုပ်တွေကို ပြန်လည်ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်တွေရှေ့မှောက်ကို ထပ်မံရောက်ရှိလာပါပြီနော်။ယခုဆိုရင်တော့ ချမ်းမီမီကိုက သူမရဲ့အိမ်ရှေ့ကို ငှက်စာလာရောင်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ချီးကျူးစရာကောင်းတဲ့ စိတ်ဓာတ်လေးကို ပြန်လည်မျှဝေလာခဲ့ပါတယ်။ ချမ်းမီမီကိုက”ကောင်လေးရဲ့ကြိုးစားချင်စိတ်…တစ်နေ့ […]

News

ကျန်းမာရေး ဝန်ထမ်းများအတွက် ဝတ်စုံ အစုံ(၂၀)စာ လှူဒါန်းလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ကိုဘင်းနဲ့ နှိုုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားကြတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ မိသားစုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းနေကြတဲ့ သူတွေလည်းဖြစ်ပါတယ်။နှိုင်းယှဉ်က ယခုလိုကိုဗစ်ကာလ အနုပညာအလုပ်တွေ နဲပါးနေတဲ့ အချိန်မှာ Liveလွှင့်ပြီး စျေးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး အောင်မြင်နေတဲ့ မင်းသမီးလေးတစ်ယောက်လည်းဖြစ်ပြန်ပါသေးတယ်နော်။ လက်ရှိအချိန်တွေမှာလည်း သမ္မာအာစီဝကျကျ လုပ်ကိုင်ရှာဖွေထားတဲ့ ငွေကြေးနဲ့ တကယ်လိုအပ်မှုရှိနေတဲ့ နေရာတွေမှာ အလှူလေးတွေ ပြုလုပ်နေပါတယ်။ယခုဆိုရင်တော့ နှိုင်းယှဉ်တို့ဇနီးမောင်နှံဟာ ကိုဗစ်ကိုတိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် ဝတ်စုံ အစုံ(၂၀)စာ လှူဒါန်းခဲ့တာကို […]

News

Live လွှင့်ပြီး စျေးရောင်းရင်း နောက်ကွယ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ဆုမြတ်နိုးဦး

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုမြတ်နိုးဦးဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရည်ချောမောလှပပြီး ချစ်စရာအမူအရာလေးနဲ့ သရုပ်ဆောင်တတ်တဲ့ ဆုမြတ်နိုးဦးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားသူလေးပဲဖြစ်ပါတယ်နော်။လတ်တလောမှာတော့ သူမဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေရင်း ရတနာဆိုင်တွေက ရတနာပစ္စည်းတွေကိုLiveလွှင့်ပြီး ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက Liveလွှင့် စျေးရောင်းရင်းနောက်ကွယ်က ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ပြထားတာကိုတွေ့ရပါတယ်။ဆုမြတ်နိုးဦးက”ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်ဟာလွယ်ပါတယ်လို့ပဲအားလုံးကထင်ကြပါတယ်.. တကယ်တမ်းတော့လေ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် liveလွှင့်စျေးရောင်းရတာပဲဖြစ်ဖြစ်အလုပ်တိုင်းမှာ စိတ်ဖ်စိးမှု စိတ်ရဲ့ပင်ပန်းမှု ဖိအားဆိုတာရှိပါတယ် .. ဇာတ်ကားတွေရိုက်တဲ့အချိန်မှာ ငါဟာသဘာဝကျပါ့မလား.. […]