သင့်ကောင်လေးက ဒီလိုမျိုးလေးတွေလုပ်နေရင် သင့်ကိုအရမ်းလွမ်းနေလို့ပါ

မိန်းကလေးတွေဟာ ချစ်သူနဲ့ မတွေ့ရတဲ့ အချိန်တွေမှာဆိုရင် သူ့ချစ်သူက သူ့အကြောင်းတွေးလား၊ လွမ်းရောလွမ်းရဲ့လားဆိုတာကို အမြဲတမ်းသိချင်နေကြပါတယ်။ သင်နဲ့အတူတူ မရှိတဲ့ အချိန်တွေမှာ ဒါမျိုးတွေ လုပ်နေရင်တော့ သင့်ကိုသူ အရမ်းလွမ်းနေလို့ပါ။

(၁) စာတွေအများကြီးပို့တယ်

ဒါဟာ သင့်ကို သူလွမ်းကြောင်း ထင်ရှားနေတဲ့ အချက်ပါ။ သူဟာ ပုံမှန်ဆို စာတစ်စောင်တောင် ပို့လေ့မရှိပေမယ့် သင်တို့ဝေးတော့မှ စာတွေ အများကြီးပို့နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်ကိုသူ စကားတွေပြောချင်နေပြီး ဒီလိုစာတွေ အများကြီးပို့လိုက်ခြင်းဖြင့် သူ့ရင်ထဲမှာ အများကြီးသက်သာသွားပြီး သင့်အနားမှာရှိနေသလို ခံစားနေရလို့ပါ။

(၂) ဖုန်းဆက်တယ်

သူဟာ ပုံမှန်ဆို ဖုန်းခေါ်လေ့မရှိပေမယ့် သင့်ကိုဖုန်းခေါ်နေတာဟာ သင့်ကိုလွမ်းနေကြောင်း ထင်ရှားနေပါတယ်။ အဲဒါလေးကိုသင်သိထားပေးပြီး သင်ဘယ်လောက်ပဲ အလုပ်များမျျား သူပြောတာလေးတွေကို အာရုံစိုက်ပြီး နားထောင်ပေးလိုက်ပါ။

(၃) Funny memes တွေကို tag တယ်

သင့်ကောင်လေးက သင့်ကို funny memes တွေနဲ့ ဟာသပုံတွေကို tag လုပ်တာဟာ အရမ်းကို သတိရနေလို့ပါ။ ဟာသပို့စ်ပဲဖြစ်ဖြစ်၊ အချစ်အကြောင်းပဲဖြစ်ဖြစ် သူမြင်တိုင်း သင့်ကို အမှတ်ရနေမှာပါ။ ဒါဟာ သူ့စိတ်ထဲ သင်ဘယ်လောက်တောင် နေရာယူထားလဲဆိုတာ ပြနေတဲ့ အချက်ပါပဲ။

(၄) သင်လိုင်းပေါ်တက်တာကိုမြင်တာနဲ့ ချက်ချင်းစကားလာပြောတယ်

သင့်ကောင်လေးက သင် online ဖြစ်တာနဲ့ ချက်ချင်းစကားလာပြောတယ် ဆိုရင် သင့်ကိုသတိရနေလို့ပါ။ သင်လိုင်းပေါ် မတက်ခင်တုန်းက သင့် အကောင့်လေးစိမ်းမယ့် အချိန်ကို သူဘယ်လောက်စောင့်လိုက်ရလဲဆိုတာ သင်မသိလို့နော်။

(၅) အစီအစဉ်အသစ်တွေအကြောင်းပြောမယ်

သင့်ချစ်သူဟာ သင်နဲ့တွေ့တဲ့အခါကျရင် ဘယ်သွားကြမယ်၊ ဘာလုပ်ကြမယ်ဆိုတာတွေကို ပြောနေတယ်ဆိုရင်တော့ သင့်ကိုသူလွမ်းနေတာပါ။ သင်နဲ့ရှိစဉ်အချိန်တွေကို ပြန်တမ်းတနေတာကြောင့် သင်မရှိတဲ့အချိန်မှာ အစီအစဉ်အသစ်တွေကို သူရေးဆွဲနေတာဖြစ်တယ်။

(၆) မူးနေတဲ့အချိန်စာပို့တာ

တကယ်လို့ ယောကျ်ားလေးတစ်ယောက်က သူမူးနေတဲ့အချိန်မှာ သင့်ကို စာပို့နေရင်တော့ သင့်ကိုလွမ်းနေတာပါ။ သူ့သူငယ်ချင်းတွေနဲ့ ရှိနေရမယ့်အစား သင့်ကို အချိန်ယူပြီး စာပို့တယ်ဆိုကတည်းက သူ့စိတ်ဟာ သင့်ဆီကိုပဲ ရောက်နေလိုပါ။ Yin Khat Pan

Be the first to comment

Leave a Reply