ဒီလိုမိန်းကလေးမျိုးကို ချစ်သူတော်ထားရတာ ထီပေါက်တာထက်ကို ကံကောင်းပါတယ်…

သင့်အပေါ်ကို အချစ်စစ် အချစ်မှန်နဲ့ ချစ်ပေးနေတဲ့ မိန်းကလေးတစ်ယောက် ပိုင်ဆိုင်ထားရတယ်ဆိုတာ သင့်အတွက်အရမ်းကံကောင်းပါတယ် ။

သင့်အနေနဲ့ ဒီလိုမိန်းကလေးမျိုးကို အမှန်တကယ် တန်ဖိုးထားပြီး ချစ်တတ်ဖို့ လိုအပ်ပါတယ် ။ ဘယ်လို မိန်းကလေးမျိုးလဲ ဆိုတာ ကြည့်လိုက်ရအောင်…

၁။ သင့်ဘက်မှာ အမြဲရပ်တည် နေတတ်တဲ့ မိန်းကလေး။

အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမအတွက်ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး။

၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတဲ့ မိန်းကလေး။

အရည်အချင်းရှိတဲ့မိန်းမတွေဟာ သူတို့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ယောကျ်ားတစ်ယောက်ကို လိုအပ်တာမဟုတ်ပါဘူး။ သင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုလဲ သူမကိုယ်ပိုင်အိမ်မက်တွေကို အကောင်ထည်ဖော်နေသလိုပဲ အားတတ်သရော ပါရမီဖြည့်ပေးနေမှာပါ။

၃။ သင့်ကို လမ်းမှန်ရောက်ဖို့ အမြဲအားပေးနေတဲ့ မိန်းကလေး။

သင်မှားနေခဲ့ရင်တောင် သင့်အတ္တတွေကို အရောင်တင်ပေးပြီး သင့်စိတ်ကြိုက် အလိုက်ဆောင်ပေးမယ့် သူတွေအများကြီး ရှိနေမှာပါ။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကတော့ ဘယ်လောက် ခါးသီးနေပါစေ အမှန်တရားဆီကိုပဲ သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

၄။ သင့်ကို ခွန်အားဖြစ်စေတဲ့ မိန်းကလေး။

အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ လောကဓံ ရိုက်ချက်တွေကို ခံနိုင်ရည်မရှိကြပါဘူး။ ဒါပေမဲ့ အရည်ချင်းရှိတဲ့ မိန်းမတွေကတော့ သင်နဲ့အတူ လောကဓံကို ကြံ့ကြံ့ခံပြီး သင့်တစ်ချိန်က ခိုင်မာတဲ့ခံယူချက်တွေကို ပြန်သတိပေးပြီး ဆက်လက်ရှင်သန်သွားဖို့ အသင့်ရှိနေပါတယ်။

၅။ သင့်အရှိန်အဝါတွေထက် သင့်ကိုပိုပြီး လေးစားတန်ဖိုးထားတဲ့ မိန်းကလေး။

သူမရဲ့ ချစ်ခြင်းမေတ္တာတွေဟာ သင့်ရဲ့လက်ရှိအခြေအနေ၊ အရှိန်အဝါ တွေအပေါ်မှာ မမူတည်ပါဘူး။ ခဏတာ အထင်ကြီးမှု မဟုတ်ပါဘူး။ သင့်ရဲ့ကိုယ်ကျင့်တရားတွေ၊ ဖြူစင်ရိုးသားမှုတွေကို တန်ဖိုးထားတာပါ။ ထာဝရခိုင်မာတဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်တဲ့အတွက် အကြွင်းမဲ့ ယုံကြည်လိုက်ပါ။ Yin Khat Pan

Be the first to comment

Leave a Reply