ယွန်းယွန်းရဲ့ မွေးနေ့ပွဲအတွက် အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပစ္စည်းလေးကို လက်ဆောင်ပေးခဲ့တဲ့ အောင်မင်းခန့်

ပရိသတ်တွေ အရင်ကတည်းက အားပေးခဲ့ရတဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းကတော့ မနေ့က ဇန်နဝါရီလ (၁၉) ရက်နေ့မှာပဲ အသက် (၂၁) နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ ငယ်ငယ်ကတည်းက ပရိသတ်အားပေးပြီးသား အနုပညာရှင်လေးဖြစ်ပြီး သူမရဲ့ ချစ်စရာကောင်းပြီး သိမ်မွေ့တဲ့ပုံစံလေးကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ယွန်းယွန်းက သူမရဲ့ မွေးနေ့မှာ ချစ်ခင်ရသူတွေဆီက အမှတ်တရလက်ဆောင်မွန်တွေနဲ့ မွေးနေ့ဆုတောင်းတွေများစွာကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Double Dating အစီအစဉ်မှာ ယွန်းယွန်းနဲ့ ချစ်သူသမီးရည်းစားတစ်ယောက်အဖြစ် ပါဝင်ပေးနေတဲ့ သရုပ်ဆောင် အောင်မင်းခန့်ကလည်း ယွန်းယွန်းရဲ့ မွေးနေ့တစ်နေ့လုံးမှာ ယွန်းယွန်းနဲ့အတူတူရှိနေပေးခဲ့တာကို ပရိသတ်ကြီးတွေ့ရမှာ ဖြစ်ပါတယ်။ အောင်မင်းခန့်က ယွန်းယွန်းရဲ့ မွေးနေ့မှာ အတူတူရှိနေပေးခဲ့သလို Pandora Limited Edition လက်ကောက်လေးကိုလည်း လက်ဆောင်ပေးခဲ့တာကြောင့် ယွန်းယွန်းက မွေးနေ့မှာ Double Surprise ဖြစ်ခဲ့ပြီး ဝမ်းသာရတယ်လို့ သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြောလာပါတယ်။

အောင်မင်းခန့်ကတော့ ယွန်းယွန်းရဲ့မွေးနေ့အတွက် Limited Edition လက်ကောက်လေးကို လက်ဆောင်ပေးခဲ့သလို ယွန်းယွန်းကလည်း အောင်မင်းခန့်ရဲ့ လက်ဆောင်လေးကို သဘောကျနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply