သမီးလေးကိုရရှိပြီးမှ ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့ အလုပ်တွေကို စနစ်ကျကျလုပ်ကိုင်ဖြစ်နေကြောင်း ပြောပြလာတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာချင်းပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက်ညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝမှာပဲ ရင်သွေးလေးကို ရရှိခဲ့တာမို့ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲလေးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဖြစ်လို့နေပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကြင်နာစွာနဲ့ ဂရုတစိုက်ရှိကြပြီး မကြာခင်လူ့လောကထဲရောက်ရှိလာမယ့် သမီးလေးအတွက်လည်း ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရတော့မယ်ဖြစ်တဲ့ စည်ဖြိုးက သူ့ရဲ့သမီးလေးအတွက် အစစအရာရာပြင်ဆင်ရင်း စိတ်ကူးနဲ့ ရူးနေရရှာတာပဲ ဖြစ်ပါတယ်။

စည်ဖြိုးက သမီးလေးကို မမြင်ရသေးခင် ခင်လွှမ်းရဲ့ ဗိုက်ထဲမှာတော့ သမီးလေးနဲ့ပက်သတ်သမျှ ဆေးခန်းပြရမယ့်ရက်၊ သမီးလေးရဲ့ သန္ဓေသားရက်တို့ကို တွက်ချက်ပြီး အသေးစိတ်ဂရုစိုက်ဖြစ်နေကြောင်းကို ” ဘဝမှာတစ်ခါမှ အခုလောက် စနစ်တကျ မမှတ်ဖူးဘူး still counting ပါသမီးလေးရေ” ဆိုပြီး ပြောလာပါတယ်။

စည်ဖြိုးကတော့ လူ့လောကထဲကို မရောက်လာသေးတဲ့ သမီးလေးကို စိတ်ကူးနဲ့ တမ်းတရင်း နေ့ရက်တွေကို ရေတွက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးကိုကြည့်ပြီး ကိုယ်တိုင်ဝမ်းနဲ့လွယ်မမွေးရပေမယ့် သားသမီးတွေကို မမြင်ရသေးခင်အချိန်ကတည်းက မြတ်မြတ်နိုးနိုးချစ်ကြတဲ့ ဖခင်တွေရဲ့ မေတ္တာကို ခံစားသိရှိသွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply