ဒလအမှိုက်ပုံမှာ စွန့်ပစ်ခံရတဲ့ သားလေးကို ကုန်းတစ်တန်ရေတစ်တန်နဲ့ အောင်မြင်စွာသွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ်များကို ကိုယ်တိုင်ခေါ်ယူ မွေးစားပြီး စောင့်ရှောက်ပေးနေခဲ့တာ ဖြစ်ပါတယ်။ အခုလို ကပ်ရောဂါအချိန်မှာတောင် စွန့်ပြစ်ခံရတဲ့ ကလေးငယ်များကို အိမ်တိုင်ရာရောက် တကူးတက ခေါ်ယူကာ မွေးစားခဲ့တာကြောင့် ပရိတ်သတ်တွေ အားလုံးရဲ့ ချီးကျူး လေးစားမှုကိုလည်း ရရှိထားသူပါ။


ခိုင်နှင်းဝေကတော့ ဒီနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့မှာ သူ့ရဲ့ ဂေဟာမှာ (၄၄)ယောက်မြောက်အနေနဲ့ မွေးစားမယ့် ကလေးငယ်လေးကို သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ ဒီနေ့မှာ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ (၄၄)ယောက်မြောက်သားလေးကတော့ ဒလအမှိုက်ပုံမှာ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒလအထိ ကုန်းတစ်တန် ရေတစ်တန်နဲ့ ကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း “ကလေးက ပေါင် မပြည့်ပဲ တော်တော်လေး သေးနေပါတယ်….ဆေးရုံပြပီး လိုအပ်တာများ လုပ်ဆောင်ပေးရပါမယ်။” ဆိုပြီးတော့ လည်း ကလေးအတွက် လိုအပ်တာတွေလုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ လူမမယ်ကလေးတွေအပေါ်မှာ မေတ္တာအပြည့်အဝနဲ့ စောင့်ရှောက်ပေးတတ်တဲ့ စိတ်ထားလေးကတော့ တော်ရုံလူတွေမှာမရှိနိုင်တဲ့ ပရဟိတစိတ်ဓာတ်ပြည့်ဝလွန်းလှတဲ့ စိတ်ထားလေးပါပဲနော်။ ပရိသတ်ကြီရေ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးက တကယ်ကိုပဲ ချီးကျူးထိုက်ပေတဲ့ စိတ်ထားလေးပါပဲနော်။

Be the first to comment

Leave a Reply