မိဘတွေကို လက်ရှိဘဝမှာသာမက သံသရာမှာပါ ပြည့်စုံစေချင်လို့ သူတို့ကိုယ်တိုင် လှူတန်းနိုင်အောင် ပိုက်ဆံ အပုံလိုက်ကြီးနဲ့ ကန်တော့ခဲ့တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ အရပ်ရှည်ပြီး ရုပ်ရည်ချောမောခန့်ညားတာကြောင့် မိန်းကလေးပရိသတ်တွေက ဝိုင်းဝိုင်းလည်အောင် အားပေးနေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပိုင်တံခွန်က ယောက်ျားပီသတဲ့ အမိုက်စားခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ လူချစ်လူခင်ပေါများတဲ့

ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေမှာပါ တဖြည်းဖြည်းနဲ့ လူသိများအောင်မြင်နေပြီလည်း ဖြစ်ပါတယ် ။ ပိုင်တံခွန်က မာန်မာနကင်းသလို အေးအေးဆေးဆေးနေတတ်ပြီး လူကြီးသူမတွေအပေါ်မှာလည်း တကယ့်ကိုသိတတ်ရိုသေသူလေး ဖြစ်ပါတယ် ။ အထူးသဖြင့် မိဘနှစ်ပါးကို

အရမ်းတန်ဖိုးထားတဲ့ ပိုင်တံခွန်က သူကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ လုပ်ကျွေးပြုစုနေတာ ဖြစ်ပါတယ် ။ အခုလည်း သားလိမ္မာလေး ပိုင်တံခွန်က လစဉ်လတိုင်း ဖေဖေနဲ့မေမေကို ငွေအပုံလိုက်နဲ့ကန်တော့ရတဲ့ သူ့ရဲ့ရည်ရွယ်ချက်လေးကို ထုတ်ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က “ကျွန်တော်ကတော့

လောဘကြီးတယ် မိဘတွေကို ဒီဘဝမှာလည်း ပြည့်စုံစေချင်တယ် သံသရာမှာလည်း ပြည့်စုံစေချင်တယ် ဒါက အဖေနဲ့အမေရဲ့ သံသရာမှာပါမယ့် ကုသိုလ်ရေးတွေလုပ်ဖို့အတွက် ကျွန်တော်ရဲ့လစဉ်ထောက်ပံ့ကြေးငွေပါ မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့ချိန်မှာ


သူတို့လက်နဲ့ သူတို့ကိုယ်တိုင်လှူဒါန်းလို့ရအောင်ပါ” ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်ကတော့ မကြာခင်ကလည်း မိဘနှစ်ပါးအတွက် ကြီးကျယ်ခမ်းနားတဲ့ အိမ်တစ်လုံးဆောက်လုပ်ပြီး Surprise လုပ်ခဲ့သေးတာပဲ ဖြစ်ပါတယ် ။ ကဲ မိဘတွေအပေါ်မှာ ကျေးဇူးသိတတ်လွန်းတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be the first to comment

Leave a Reply