ခေါင်းမှာရေအိတ်တည်နေတဲ့ (၁၀)လအရွယ်သားလေးအတွက် အလှူငွေတွေရရှိပြီးမှ မခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ကြောင်း စိတ်မကောင်းစွာပြောလာတဲ့ ဝေဠုကျော်

ကိုယ်ကျိုးမငဲ့ပဲ မြန်မာနိုင်ငံအနှံ အကူအညီလိုအပ်တဲ့နေရာတွေမှာ စိတ်ရောလူပါ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရနေရင်ကို ပျော်ရွှင်နေသူတစ်ယောက်ပါပဲ။ ပရဟိတအလုပ်ကို လုပ်ကိုင်နေတဲ့ ဝေဠုကျော်က ဘဝပေးအခြေအနေတွေကြောင့် ရောဂါဝေဒနာအမျိုးမျိုးခံစားနေရသူတွေကိုလည်း (၇) ရက်သားသမီးအလှူရှင်တွေနဲ့ ခွဲစိတ်မှုတွေပြုလုပ်ပေးနေသူလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝေဠုကျော်က ခေါင်းမှာရေအိတ်တည်နေတဲ့ (၁၀)လအရွယ်သားလေးအတွက် အလှူငွေတွေရရှိပြီးမှ မခွဲစိတ်တော့မယ့်အကြောင်း စိတ်မကောင်းစွာပြောလာပါတယ်။

ဝေဠုကျော်က ” ကရင်ပြည်နယ်၊လှိုင်းဘွဲ့က ၁၀လ အရွယ် ခေါင်းရေအိတ်တည်ရောဂါ သားလေးပါ။ မနက်က ကြာသပတေးနေ့ ခွဲစိတ်ဖို့အတွက် ရန်ကင်းဆေးရုံမှာ သွားစစ်ဆေးရပါတယ်။ ဖောင်ဒေးရှင်းက ကားနဲ့ပဲ လိုက်ပို့ပေးခဲ့ပါတယ်။ဆေးရုံက ဆေးစစ်ချက်တွေအရ ကလေးဦးနှောက်က ရေပိတဲ့ဒါဏ်ကြောင့် ပြားချပ်နေပြီး ပွန်းပဲ့ ဒါဏ်ရာရနေပါပြီ။ ခွဲစိတ်ရင်လဲ ခေါင်းခွံက ပြန်မပိန်နိူင်တော့ သလို ရေထုတ်ပြီးရင်လည်း ဦးနှောက် သေးပြီး ပြားချပ်နေလို့ ရှင်သန်ဖို့မလွယ်နိူင်တော့ပါဖူး။ အခုခွဲစိတ်ဖို့ကိုလည်း မေ့ဆေးဒဏ်ခံနိူင်ဖို့နဲ့ ခွဲစိတ်မှု အောင်မြင်ဖို့က ၁၀ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတယ့်အကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။

ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ဆွေးနွေးမှုအရ နိူင်ငံခြားရောက်နေတယ့် သားလေးမိဘတွေက သားလေးကို မခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောက်ကျခြင်း၊စောခြင်းတွေမပြောလိုတော့ပဘူး။ အရာအားလုံးဟာ သားလေးရဲ့ကံတရားဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဝဋ်ကြွေးတွေ များခဲ့ပုံရပါတယ်။ သားလေးအတွက် အလှူရရှိထားသည်များကို သားလေးအတွက် ကုန်ကျစရိတ်တချို့ လှူပေးပြီး ကျန်ရှိသည့် အလှူငွေများကို သားလေး ကုသိုလ်ရသွားအောင် အခြား လိုအပ်နေပြီး အလှူမရသည့် ကလေးလူနာများတွင် ထည့်သွင်း လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။ သားလေး ဆေးရုံကပြန်ဆင်းသည့်အခါ စာရင်းရှင်းတမ်း တင်ပေးပါမယ်။” ဆိုပြီး စိတ်မကောင်းစွာ ပြောလာတာပဲ ဖြစ်ပါတယ်။

ဝေဠုကျော်ကတော့ သားလေးအတွက် ခွဲစိတ်ကုသနိုင်ဖို့ အလှူငွေတွေကိုလည်း ကောက်ခံပြီး သူကိုယ်တိုင် ဆေးရုံကိုလိုက်ပို့ပေးပြီးမှ စိတ်မကောင်းစရာသတင်းကြောင့် စိတ်ပျက်အားလျော့ခဲ့ရတာပဲ ဖြစ်ပါတယ်။ သားလေးလည်း ရောက်လေရာဘဝတိုင်းမှာ ဒီလိုဝေဒနာဆိုးကြီးကို မခံစားရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Be the first to comment

Leave a Reply