ကိုရီးယားဝတ်စုံတွေ ဝတ်ပြီး အမိုက်စားပို့စ်တွေပေးကာ ပျိုမဒီတို့ရဲ့အသဲကို လှုပ်ခတ်သွားအောင် လုပ်လိုက်တဲ့ Project K

ပရိသတ်ကြီးရေ Project Kအဖွဲ့ဟာဆိုရင် ဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေကြတဲ့ ပျိုမဒီတို့ရဲ့အသဲစွဲ အဆိုတော်မင်းသားလေးတွေပဲ ဖြစ်ပါတယ်။Project Kအဖွဲ့ဟာ မကြာခင်သေးခင်က ကိုရီးယားမှာ Training အနေနဲ့ သွားရောက်ခွင့် ရခဲ့ကာ တန်ဖိုးမဖြတ် နိုင်တဲ့ ပညာတွေ သင်ယူခွင့်ရခဲ့တဲ့ အဖွဲ့ဆိုတာ ပရိသတ်ကြီးသိပြီးသားဖြစ်မှာပါနော်။

Project Kအဖွဲ့ဟာဆိုရင် နာမည်ကြီး Dancerအဖွဲ့ဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပမှာပါသွားရောက်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်နော်။ယခုလည်း သူတို့အဖွဲ့ရဲ့ကိုရီးယားမှာရှိနေစဉ်က ကိုရီးယားဝတ်စုံ ကိုယ််စီနဲ့ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာတာပဲဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ပုံလေးတွေနဲ့အတူ Project Kအဖွဲ့က”Once upon a time in Korea 🇰🇷”ဆိုတဲ့ စာသားလေးနဲ့ ထုတ်ဖော်ပြသထားတာကိုတွေ့ရပါတယ်။ဒီပုံလေးတွေကိုကြည့်ပြီး နှုတ်ခမ်းနီမလေးတွေကတော့ အသဲတွေလှုပ်ခတ်ပြီး ချစ်မဝဖြစ်နေမှာအသေအချာပါပဲနော်။ပရိသတ်ကြီးကိုလည်း Project Kအဖွဲ့ရဲ့အမိုက်စားပုံလေးတွေကို ကြည့်ရှုဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Yin Khat Pan ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Project K’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply