ငယ်ဘဝ ပုံရိပ်လေးတွေကို ပရိသတ်တွေဆီ ပြန်လည် မျှဝေလာတဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ မင်းသားချောလေးထွန်းထွန်းဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး မိန်းကလေးတွေရဲ့ အသဲစွဲ မင်းသားလေးတစ်လက်ပဲဖြစ်ပါတယ်နော်။ထွန်းထွန်းဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ထွန်းထွန်းဟာဆိုရင် အဆိုတော်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြန်ပါသေးတယ်နော်။

ထွန်းထွန်းဟာ နှင်းဆီအငြိမ့်အဖွဲ့မှာလည်း လူရွှင်တော်တစ်ယောက်အနေနဲ့ပါဝင်ခဲ့ပြီး ပီပြင်တဲ့ဟာသပျက်လုံးတွေနဲ့အတူ ပရိသတ်တွေရဲ့ ရင်ကို အမောပြေစေခဲ့ပါတယ်။လက်ရှိမှာတော့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတဲ့ထွန်းထွန်းကယခုလည်း သူရဲ့ငယ်ဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ဖော်ပြသထားတာကိုတွေ့ရပါတယ်။

ထွန်းထွန်းက”လူကငယ်ပေမယ့် ပဲပေး မငယ်ခဲ့ပါ”ဆိုပြီး ချစ်စရာကောင်းတဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပရိသတ်တွေဆီပြန်လည်မျှဝေလာတာကို တွေ့ရပါတယ်နော်။ထွန်းထွန်းဟာငယ်ငယ်ကတည်းက ရုပ်ရည်ချောမောပြီး အိုက်တင်အပြည့်နဲ့ အမိုက်စားလူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်ကြီးလည်းထွန်းထွန်းရဲ့ငယ်ဘဝပုံလေးတွေကိုကြည့်ပြီး ထွန်းထွန်းကိုဆက်လက်အားပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ Yin Khat Pan ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Tun Tun’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply