ခင်ပွန်းဖြစ်သူရဲ့နာမည်ကိုသုံးပြီး သူမကိုအကောင့်တုနဲ့ စကားလာပြောကြောင်း ပြောပြလာတဲ့ မြသင်းချယ်

ပရိသတ်ကြီးရေ မြသင်းချယ်ဟာဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတစ်ခုကို ရရှိခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်ခဲ့သူ ဂျွန်ကိုရဲ့အစ်မအရင်းဖြစ်ပြီး ယခုဆိုရင်တော့ မင်းသားချော နေထူးနိုင်ရဲ့ အချစ်ရဆုံးဇနီးလေးဖြစ်လို့နေပါပြီ။ချစ်စရာကောင်းတဲ့ သားချောလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစု ဘဝလေးကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်။

လက်ရှိမှာတော့ မြသင်းချယ်ဟာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး သားလေးတွေကို ဂရုစိုက်ပြုစုရင်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့ နေလျက်ရှိပါတယ်။ခင်ပွန်းဖြစ်သူ နေထူးနိုင်ကလည်းမိသားစု စုံစုံလင်လင်နဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မကြာခဏတင်ပြလေ့ရှိပါတယ်။ယခုလည်းမြသင်းချယ်က ခင်ပွန်းရဲ့နာမည်နဲ့ အကောင့်တုတစ်ခုက သူမကိုစကားလာပြောကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားတင်ပြထားပါတယ်။

မြသင်းချယ်က”အကောင့်တုကြီးနဲ့ လာ hiနေတော့ သာမီးကဘာပြန်ပြောရမလဲလို့”ဆိုပြီး Screenshotပုံတွေနဲ့အတူ တင်ပြထားတာကိုတွေ့ရပါတယ်နော်။ပရိသတ်ကြီးလည်း အကောင့်တုတွေနဲ့ဇာတ်လမ်းခင်းချင်တဲ့ သူတွေကို သတိထားကြပါလို့။ဖတ်ရှုပေးတဲ့ Yin Khat Pan ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Source:Mya Thin Chal’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply