ချစ်သမီးလေးအတွက် ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်နေတဲ့ ခင်ပွန်းဖြစ်သူကို ဗီဒီယိုလေးရိုက်ကာ အမွှန်းတင်လိုက်တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ဟာ ဆိုရင် အနုပညာလောကမှာရော ဂီတလောကမှာပါ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ သရုပ်ဆောင်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။သူမနဲ့ နှုတ်ခမ်းလေးကအစချွတ်ဆွတ်တူတဲ့ အရမ်းချစ်စရာကောင်းတဲ့သမီးလေးကို ပိုင်ဆိုင်ထားပြီး ခင်ပွန်းဖြစ်သူကလည်း ဂရုစိုက်ကြင်နာတတ်လို့ သူမတို့ရဲ့မိသားစုဘဝလေးဟာ အလွန်သာယာချမ်းမြေ့စရာကောင်းတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်နော်။

စန္ဒီမြင့်လွင်ဟာ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပြီး အားလပ်တဲ့အချိန်တွေမှာဆိုရင် ချစ်သမီးလေးအတွက် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်လေ့ရှိပါတယ်။ယခုလည်းချစ်ရတဲ့ခင်ပွန်းဖြစ်သူက သမီးလေးအတွက် အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတာကို ဗီဒီယိုလေးရိုက်ကာ အမွှန်းတင်ပြောဆိုထားတာကိုတွေ့ရပါတယ်။စန္ဒီမြင့်လွင်က”အားလပ်ချိန်ရတိုင်း သူ့သမီးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးရမှ ကျေနပ်တဲ့ထရက်ရှာဖေဖေ 😘😘😘ပုံမှန်ဆို ကိုယ်ရောသူရော ကအလုပ်တွေနဲ့။

သူလည်း သူ့အလုပ်ကိစ္စအပြင်သွား၊ ကိုယ်လည်း ပွဲတက်၊ Show ဆို နဲ့ မအားကြဘူး။ ထရက်ရှာအတွက်ကတော့ အားချိန်ရတိုင်း ကိုယ်တိုင်ပဲဝင်လုပ်ပေးဖြစ်ကြပါတယ်။ယောကျ်ား၊မိန်းမအလုပ်မခွဲပဲ အားချိန်ရတာနဲ့ အဖေလုပ်သူကပါ ကူပေးတတ်တဲ့သူဖြစ်တော့ ကိုယ်တစ်ယောက်တည်း တာဝန်မပိတော့ သက်သာရပါတယ်။ဖေဖေတွေ လဲခုလိုကိုဗစ်ဆိုတောဘမေမေတွေကိုကူဖို့ အချိန်လေးပိုထွက်လာတာပေါ့နော်😍တာဝန်လည်း မပိစေတဲ့အပြင်စိတ်လည်းချမ်းသာရပါတယ်”လို့ဆိုပြီး သူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ဗီဒီယိုလေးရိုက်ကာ တင်ပြထားတာကိုတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကို ကြည့်ရှုဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Yin Khat Pan ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Sandy Myint Lwin’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply