ပြင်ဦးလွင်မှာ လှူထားတဲ့ ခမ်းနားလှတဲ့ ကျောင်းဆောင်ကြီးကို ထုတ်ပြလိုက်တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ပြီး ကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ်။ယခုဆိုရင်တော့ စမိုင်းလ်ဟာအနုပညာလောကကို တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး အလှူအတန်းတွေကိုလည်း စိတ်အားထက်သန်စွာနဲ့ လှူဒါန်းလျက်ရှိပါတယ်။ ချစ်ခင်ပွန်းနဲ့ အတူ ချစ်စရာသမီးချောလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့သူဖြစ်ပါတယ်နော်။

လတ်တလောမှာတော့ သူမဟာအဖွားဖြစ်သူ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးဒေါ်ခင်လေးဆွေကိုလည်း ဂရုစိုက်စောင့်ရှောက်နေတဲ့ မြေးလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။မကြာသေးခင်ကလည်း ပတ္တမြားဒေါင်းလေးကို လေလံအောင်ခဲ့ပြီး ကိုဗစ်ရန်ပုံငွေအတွက်လှူဒါန်းခဲ့ပါသေးတယ်နော်။ယခုလည်း သူမကပြင်ဦးလွင်မှာ လှူဒါန်းထားတဲ့ ခမ်းနားလှတဲ့ ၂ထပ်ကျောင်းဆောင်ကြီးကို ထုတ်ပြခဲ့ပါတယ်။

စမိုင်းလ်က”ကျမတို့လှူထားတဲ့ ပြင်ဦးလွင် ၂ထပ်ကျောင်းဆောင် အောင်ဇမ္ဗူဗုဒ္ဓသာသနာ့ရိပ်သာရဲ့ကထိန်အလှူ”ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ဖော်ပြသထားတာကိုတွေ့ရပါတယ်။စမိုင်းလ်တို့ရဲ့ ခမ်းနားလှတဲ့ ၂ထပ်ကျောင်းဆောင်ကြီးကို ကြည့်ပြီး ပရိသတ်ကြီးလည်း အားကျအတုယူကာ ကုသိုလ်ဘာဝနာပွားများနိုင်ကြပါစေနော်။ဖတ်ရှုပေးတဲ့ Yim Khat Pan ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Smile’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply