သူမအိမ်ကို ငှက်စာလာရောင်းတဲ့ ကောင်လေး တစ်ယောက်ရဲ့အကြောင်းကို ပြောပြလာတဲ့ ချမ်းမီမီကို

ပရိသတ်ကြီးရေ မင်းသမီးချောလေး ချမ်းမီမီကိုဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ပြီးသား မင်းသမီးတစ်လက်ဖြစ်ပြီး တီဗီကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယခုဆိုရင်တော့ ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ဘဝကိုပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ချမ်းမီမီကိုဟာ အပျော်တမ်း Tit Tokလေးတွေကိုလည်း ချစ်စရာအမူအရာလေးတွေနဲ့ ဆော့ပြလေ့ရှိပါတယ်။

လက်ရှိအချိန်မှာတော့ အနုပညာလုပ်ငန်းတွေနဲပါး နေတာကြောင့် သူမရဲ့တစ်နေ့တာကို သားလေးနဲ့ပဲ အချိန်ကုန်နေတာဖြစ်ပါတယ်။သားလေးရဲ့ အနာဂတ်အတွက် အနုပညာအလုပ်တွေကို ပြန်လည်ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်တွေရှေ့မှောက်ကို ထပ်မံရောက်ရှိလာပါပြီနော်။ယခုဆိုရင်တော့ ချမ်းမီမီကိုက သူမရဲ့အိမ်ရှေ့ကို ငှက်စာလာရောင်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ချီးကျူးစရာကောင်းတဲ့ စိတ်ဓာတ်လေးကို ပြန်လည်မျှဝေလာခဲ့ပါတယ်။

ချမ်းမီမီကိုက”ကောင်လေးရဲ့ကြိုးစားချင်စိတ်…တစ်နေ့ ကျွန်မအိမ်ရှေ့သို့ နံနက်စောစော ငှက်စာလာလာလာရောင်းတတ်တဲ့လူငယ်လေးတစ်ဦးရှိသည်။ကျွန်မ နေ့စဉ်၂ဝဝဝဖိုးအမြဲဝယ်အားပေးလေ့ရှိတယ် တစ်ခါတစ်ခါ ကျွန်မလည်းအိမ်မှာအမြဲရှိမနေတတ်ဘူး‌ လေ ။ဒါပင်မဲ့ သူပုံမှန်လာရောင်းရှာတယ် ။ကျွန်မလည်းတစ်နေ့ ငွေ၃သောင်းသူကိုပေးလိုက်တယ် နေ့စဉ် ငှက်စာလာချိတ်ပေးပါလို့ ကျွန်မပြောခဲ့ပါသည်။ဘာပဲပြောပြော ငွေ၃သောင်းဟာ သူအတွက်ပြောမပြတတ်အောင်ဝမ်းသာသွားခဲ့တယ်။ကျွန်မလည်း လာချိတ်ချိတ် မချိတ်ချိတ် လှူတယ်လို့သဘောထားဖြစ်ခဲ့တယ်ရှင့်။

 

ထိုလူငယ်ပုံမှန်အိမ်‌ ရှေ့အမြဲလာချိတ်ပေးခဲ့တယ် ကျွန်မ မရှိတဲ့အချိန်တွေရောပေါ့ တစ်နေ့ ကျွန်မ ခရီးက ပြန်လာတော့ လာချိတ်လွန်းလို့လေ မြောင်းမှာ စပါးပင်လေးတွေတောင်ပေါက်နေတဲ့မြင်ကွင်း ကျွန်မ မြင်ခဲ့ရတယ် 😁ဘာပဲပြောပြောပျော်တယ် ချစ်စရာကလေး ငယ်ငယ် မြန်မာလူငယ်လေးတွေရဲ့ ကြိုးစားတဲ့ စိတ်ဓာတ် သစ္စာရှိမှုလေး လေးစားမိပါတယ်ရှင့်။🥰❤️😘”ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။မြန်မာနိုင်ငံမှာ ဒီလို လေးစားစရာကောင်းတဲ့ လူငယ်လေးတွေရှိတာ တကယ်ကို ဂုဏ်ယူစရာပါနော်။ပြန်လည်မျှဝေပေးတဲ့ ချမ်းမီမီကို ကိုလည်း ကျေးဇူးတင်စကားလေးတွေပြောသွား ကြပါဦး ပရိသတ်ကြီးရေ…။အဆုံးထိဖတ်ရှုပေးတဲ့ Yin Khat Pan ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

Source:Chan Mi Mi Ko’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply