ကျန်းမာရေး ဝန်ထမ်းများအတွက် ဝတ်စုံ အစုံ(၂၀)စာ လှူဒါန်းလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ကိုဘင်းနဲ့ နှိုုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားကြတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ မိသားစုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းနေကြတဲ့ သူတွေလည်းဖြစ်ပါတယ်။နှိုင်းယှဉ်က ယခုလိုကိုဗစ်ကာလ အနုပညာအလုပ်တွေ နဲပါးနေတဲ့ အချိန်မှာ Liveလွှင့်ပြီး စျေးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး အောင်မြင်နေတဲ့ မင်းသမီးလေးတစ်ယောက်လည်းဖြစ်ပြန်ပါသေးတယ်နော်။

လက်ရှိအချိန်တွေမှာလည်း သမ္မာအာစီဝကျကျ လုပ်ကိုင်ရှာဖွေထားတဲ့ ငွေကြေးနဲ့ တကယ်လိုအပ်မှုရှိနေတဲ့ နေရာတွေမှာ အလှူလေးတွေ ပြုလုပ်နေပါတယ်။ယခုဆိုရင်တော့ နှိုင်းယှဉ်တို့ဇနီးမောင်နှံဟာ ကိုဗစ်ကိုတိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် ဝတ်စုံ အစုံ(၂၀)စာ လှူဒါန်းခဲ့တာကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားတင်ပြခဲ့ပါတယ်နော်။

နှိုင်းယှဉ်က”ဒီနေ့အလှုလေး လိုအပ်တယ့်တကယ်နေရာလေးတွေမှာ ကိုယ့်စေတနာအတိုင်း လှုဖြစ်တယ်🙏🙏ကျန်းမာရေးဝန်ထမ်းတွေအတွက် တတ်နိုင်သလောက် ဝတ်စုံ အစုံ20စာ အလှုလေးပါ🙏🙏🙏”လို့ဆိုပြီးတင်ပြထားတာကိုတွေ့ရပါတယ်။စိတ်ထားမွန်မြတ်တဲ့ နှိုင်းယှဉ်တို့ဇနီးမောင်နှံရဲ့အလှူလေးကို ပရိသတ်ကြီးလည်းသာဓုခေါ်ပြီး ဂုဏ်ပြုစကားလေးတွေ ပြောသွားကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း ရောဂါဘယတွေကင်းဝေးပြီး ကျန်းမာချမ်းသားကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Nhying Shin’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply