Live လွှင့်ပြီး စျေးရောင်းရင်း နောက်ကွယ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြလာတဲ့ ဆုမြတ်နိုးဦး

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုမြတ်နိုးဦးဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရည်ချောမောလှပပြီး ချစ်စရာအမူအရာလေးနဲ့ သရုပ်ဆောင်တတ်တဲ့ ဆုမြတ်နိုးဦးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားသူလေးပဲဖြစ်ပါတယ်နော်။လတ်တလောမှာတော့ သူမဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေရင်း ရတနာဆိုင်တွေက ရတနာပစ္စည်းတွေကိုLiveလွှင့်ပြီး ရောင်းချပေးနေတာပဲဖြစ်ပါတယ်။

ဆုမြတ်နိုးဦးက Liveလွှင့် စျေးရောင်းရင်းနောက်ကွယ်က ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ပြထားတာကိုတွေ့ရပါတယ်။ဆုမြတ်နိုးဦးက”ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်ဟာလွယ်ပါတယ်လို့ပဲအားလုံးကထင်ကြပါတယ်.. တကယ်တမ်းတော့လေ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် liveလွှင့်စျေးရောင်းရတာပဲဖြစ်ဖြစ်အလုပ်တိုင်းမှာ စိတ်ဖ်စိးမှု စိတ်ရဲ့ပင်ပန်းမှု ဖိအားဆိုတာရှိပါတယ် .. ဇာတ်ကားတွေရိုက်တဲ့အချိန်မှာ ငါဟာသဘာဝကျပါ့မလား.. ဇာတ်ကောင်စရိုက်နဲ့တထပ်ထဲကျပီပြင်ပါ့မလား ဆိုတဲ့ပူပန်မှုတွေအထူးရှိသလို..မကျွမ်းကျင်တဲ့ Liveလွှင့်စျေးရောင်းတဲ့အခါမှာတော့ စိတ်ပင်ပန်းရမှုကအဆများစွာပိုပါတယ် ..

ကိုယ်ရောင်းပေးတဲ့ဆိုင်တွေရဲ့ဆိုင်ရှင်တွေကို ရောင်းရစေချင်တယ် ဝယ်ယူအားပေးတဲ့သူတွေကိုတကယ်တန်တဲ့မှန်ကန်တဲ့စျေးနှုန်းလေးတွေနဲ့ပိုင်ဆိုင်ရစေချင်တယ်.. အဲ့ထဲမှာမှ ရှိလာတဲ့စုန်းပြူးတွေးရဲ့ရန်ကြောင့် ဆိုင်ရှင်တွေကိုအားနာရတယ် မျက်နှာပျက်ရတယ်.. ၃နာရီ ၄နာရီစာ ဝန်ထုတ်ဝန်ပိုးတွေရယ် .. တခါတလေတော့လဲလေ ဘာမှကိုမလုပ်ချင်တော့ဘူး ရပ်တန့်ထားလိုက်ချင်တဲ့စိတ်ရဲ့ဖိအားတွေ စိတ်ဓာတ်ကျတာတွေဖြစ်မိတယ် ..ဒါပေမဲ့လဲလေခက်ခဲတဲ့ကာလကြီးမှာစားဝတ်နေရေးရယ် .. ကျားကြီးရင် ခြေရာကြီးတဲ့စရိတ်စကတွေ..ကိုယ့်ရဲ့အနားခက်ခဲပင်ပန်းနေသူတွေရဲ့မနိုင်ဝန်တွေကိုတထောင့်တနေရာကထမ်းပေးချင်နေတဲ့စိတ်တွေနဲ့ အားတင်းရင်းရှေ့ဆက်နေပါတယ် ..

ကျမတတ်နိုင်သရွေ့အင်အားလေးနဲ့ ရှေ့ဆက်နေပါရစေ .. ချစ်ရတဲ့သူတွေ ..ကိုယ့်ရဲ့အနီးတဝိုက်က ခက်ခဲပီးလိုအပ်နေတဲ့သူတွေရဲ့လိုအပ်ချက်လေးတွေကိုတထောင့်တနေရာကနေဖြည့်စည်းပေးနေခွင့်လေးရရင်ပဲ ပင်ပန်းရသမျှတွေပြေပျောက်ပါပီ .. ကိုယ့်ရဲ့စေတနာမှန်ခဲ့ရင်အမြဲတမ်းပေးကမ်းနိုင်တဲ့လက်တစုံသာဖြစ်ပါရစေလို့တောင်းဆုပြုပါတယ် 🙏🏼🙏🏼🙏🏼”ဆိိုပြီး ရင်ဖွင့်ထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးလည်း ဆုမြတ်နိုးဦးရဲ့ခံစားချက်တွေအပေါ် နှစ်သိမ့်စကားလေးတွေ ပြောသွားပေးကြပါဦးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Hsu Myat Noe Oo’s FB
Yin Khat Pan ( Writer – TWWH )

Be the first to comment

Leave a Reply