ဒီအရာ(၅)ခု မရှိဘူးဆိုရင် သင်တို့ အချစ်ရေးက ရေရှည်ခိုင်မြဲဖို့ မလွယ်

ချစ်သူနှစ်ဦးကြား အမှန်တကယ်လိုအပ်တဲ့ အရာ (၅) ခုရှိပါတယ်။ ဒီအရာ(၅)ခုရှိမှသာ သင်တို့ ချစ်သူစုံတွဲက ရေရှည်လက်တွဲသွားနိုင်မှာပါ။

၁။ လုံခြုံနွေးထွေးမှု ။

အချစ်တစ်ခုမှာ အဓိက လိုအပ်နေတာ လုံခြုံနွေးထွေးမှုပဲ ဖြစ်ပါတယ်။ ချစ်သူကို ကိုယ်ထိလက်ရောက် နှိပ်စက်တာမျိုးတွေ မလုပ်သင့်သလို၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာမျိုးတွေလဲ မလုပ်သင့်ပါဘူး။ ချစ်သူနှစ်ဦးရဲ့ စိတ်ထဲမှာ လုံခြုံနေဖို့ လိုပါတယ်။ ဒါမှလဲ ဘယ်တော့မှ လမ်းမခွဲရဘူးလို့ စိတ်ထဲမှာ ယုံကြည်လာမှာ ဖြစ်ပါတယ်။

၂။ လေးစားမှု ။

လုံခြုံနွေးထွေးမှုပြီးရင် နောက်ထပ် အဓိကလိုအပ်နေတာကတော့ အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။ ချစ်သူကို လေးစားမှ ချစ်သူကလဲ ပြန်ပြီး တန်ဖိုးထားမှာပါ။ ကတောက်ကဆ ဖြစ်တဲ့အချိန်မှာ အပြန်အလှန် လေးစားမှုမရှိရင် ပြသနာက ပိုကြီးသွားနိုင်ပါတယ်။ နှစ်ယောက်အတူ တိုင်ပင်ဆွေးနွေးပြီး အလုပ်တွေ လုပ်ဆောင်နိုင်ဖို့ လေးစားမှုကို အရင် တည်ဆောက်လိုက်ပါ။

၃။ လွတ်လပ်မှု ။

ချစ်သူကို ချစ်ပေမယ့် အရမ်းကြီး မထိန်းချုပ်ချင်ပါနဲ့။ သူ့ကို လွတ်လွတ်လပ်လပ် နေခွင့်ပေးပါ။ သင်ကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ် နေပါ။ ဒါမှလဲ စိတ်ကျဉ်းကျပ်မှုတွေ ဖြစ်မလာမှာပါ။ ချုပ်ချယ်မှုတွေကင်းတဲ့ အချစ်ကသာ အမှန်တကယ် ပျော်ရွှင်ရမှာပါ။

၄။ ယုံကြည်မှု ။

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှ၊ အချစ်တွေလဲ ပေါက်ဖွားလာမှာပါ။ စိုးရိမ်စိတ် ကင်းကင်းနဲ့ ချစ်နေရတာ ကြည်နူးစရာပါ။ ယုံကြည်ရတဲ့ ချစ်သူလေး တစ်ယောက် ရထားရင် သင်အရမ်းကံကောင်းပါတယ်။

၅။ တန်ဖိုးထားမှု ။

ချစ်သူရဲ့ ခံစားချက်တွေကို ဂရုတစိုက် နားထောင်ပါ။ ချစ်သူအတွက် အချိန်ပေးပါ။ အလုပ်ရှုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူကို ပစ်မထားမိပါစေနဲ့ ။ ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ချစ်သူနဲ့ ပက်သက်သမျှကိုပါ တန်ဖိုးထားပေးဖို့ လိုပါလိမ့်မယ်။

Be the first to comment

Leave a Reply