မျက်နှာတစ်ဝိုက်က မှဲ့လေးတွေကို ကြည့်ပြီး သင့်ရဲ့ အချစ်ရေးကို သိရှိနိုင်

ဒီနေရာတွေမှာ မှဲ့လေးတွေ ရှိနေရင် ဒီလိုအချစ်ရေးမျိုးကို ပိုင်ဆိုင်ရနိုင်ပါတယ်။

၁။ ပါး ပေါ်က မှဲ့ပိုင်ရှင် ။

ရည်းစားရဖို့ ဘယ်တော့မှ အောက်ကျမခံဘူး။ သေလောက်အောင်ချောနေ လှနေပါစေ သဲသဲလှုပ် ချစ်မပြတတ်ဘူး။ ကိုယ်က ချစ်တဲ့သူထက် ၊ ကိုယ့်ကို ချစ်တဲ့သူနဲ့ပဲ ဖူးစာပါတတ်ပါတယ်။

၂။ နဖူး ပေါ်က မှဲ့ပိုင်ရှင် ။

သနားတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်ယောက် ရတတ်ပါတယ်။ အဲ့ချစ်သူက အနိုင်ယူပြီး ခဏခဏငိုအောင် စိတ်ညစ်အောင် လုပ်တတ်ပါတယ် ။ ဒါပေမယ့် အဲ့ချစ်သူကပဲ သင့်ကို သစ္စာရှိရှိ ချစ်မယ့်သူ ဆိုတာမမေ့နဲ့… ။

၃။ မျက်ခုံး တစ်ဝိုက်က မှဲ့ပိုင်ရှင် ။

အချစ်စစ်ရဖို့ အချိန်တွေမနည်း ရင်းရတတ်တယ်။ စန်းပွင့်ပြီး လူချစ်လူခင် ပေါတယ်။ အသေရရ အရှင်ရရ ချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်က အားကျရတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ တကယ်တမ်း အချစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာ ကိုယ်ကိုယ်တိုင်ပဲ သိတယ်…။

၄။ မျက်လုံးအိမ်ထဲက မှဲ့ပိုင်ရှင် ။

မာနကြီးတယ်။ ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူး။ ချစ်ပြီဆို တစ်ဘဝလုံးစာ ၊ မုန်းပြီဆိုရင်လည်း သံသရာအဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး…။

၅။ နားရွက်ပေါ်က မှဲ့ပိုင်ရှင် ။

ကတိတစ်ခုကို တည်မှကြိုက်တယ်။ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှု တစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်ထားကြတယ်။ ချစ်သူ သက်တမ်း ကြာရှည်စွာဖြတ်သန်းရတတ်တယ်။ ပျော်ရွှင်စရာတွေ ဖန်ဆင်းပေးတတ်တဲ့ ချစ်သူကြောင့် ဘဝတစ်လျှောက် ရင်ခုန်သံတွေ ဆူညံနေရလိမ့်မယ်…။

၆။ နှာခေါင်းပေါ်က မှဲ့ပိုင်ရှင် ။

သာယာတယ်လေ။ ကိုယ့်ဘက်က သိပ်ချစ်ရပေမယ့် ၊ ပြန်ရတယ်လေ နောင်တတွေ အပြုံလိုက်။ ငိုခဲ့ရလွန်းလို့ ကျလိုက်တဲ့ မျက်ရည်တွေ…ရေအားလျှပ်စစ်ပါ ထုတ်လို့ရလောက်တယ်။ ဒါလည်း စိတ်ထဲ မမှတ်ပါဘူး …။

၇။ နှုတ်ခမ်းနားက မှဲ့ပိုင်ရှင် ။

ဘယ်လိုနေနေ လှနေရော။ ဖျက်ခနဲ ရီလိုက်တာက သူတို့ရဲ့အားသာချက် လက်နက်ပဲ။ အဲ့အပြုံးကို မြင်လိုက်ရတဲ့သူတိုင်း သေမလို ရှင်မလို ဖြစ်ကျန်ခဲ့တဲ့အထိ ညှို့ချက်က ပြင်းတယ်။လူတစ်ယောက်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် အဲ့လူက ရက်စက်စွာ ဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ်…။

၈။ လည်ပင်းနားက မှဲ့ပိုင်ရှင် ။

ချစ်မယ့်သူတွေ ပေါတယ်။ချောမောလှပတဲ့သူတွေ ဖြစ်ပေမယ့် ရည်းစားဆို ကိုယ့်ထက်ပိုချောတဲ့သူ မရတတ်ကြဘူး။ အထူးခြားဆုံးက အသံ။ စွဲမက်စရာ ဖြစ်နေတတ်တာ 9+ ပဲ ။ ကိုယ့်ထက် အသက်ပိုကြီးတဲ့ ”ကွီး/မွီး” တွေက အသေအလဲ ကြွေခြင်း ခံရတတ်တယ်။ မျက်ရည် အကျ မလွယ်တတ်ပါဘူး…။

Be the first to comment

Leave a Reply