အနံ့ပျောက်သူတွေအတွက် အနံ့ပြန်ရမယ့် နည်းလမ်းကို မျှဝေပေးလာတဲ့ ဖိုးချစ်

ဖိုးချစ်ကတော့ လတ်တလောတစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်တဲ့ အနံ့ပျောက်တာနဲ့ ပတ်သက်ပြီး သူသိထားတဲ့နည်းလမ်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ ကြက်သွန်နီဥကို အပေါ်ယံအခွံခွာကာ အလုံးလိုက်ဝါးပြီး အရည်ကိုပါမြိုချပေးရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုးနှစ်ကြိမ်ခန့်ပြုလုပ်ပြီးတာနဲ့ အနံ့ပြန်ရမှာဖြစ်ပြီး လူတချို့ကတော့ နောက်ရက်တွေကျရင် ဝမ်းနည်းနည်းသွားတတ်ပါတယ်တဲ့၊ ဒါပေမယ့် နုံးချိသွားခြင်းမရှိပါဘူးတဲ့ ပရိသတ်ကြီးရေ..ပထမ အမွှေးရနံ့များရလာမှာဖြစ်ပြီး နောက်ရက်တွေမှာတော့ တခြားအနံ့တွေ ရလာပါမယ်ဆိုတဲ့အကြောင်း မျှဝေခဲ့ပါတယ်။ ငွေလည်းမကုန်၊ မပင်ပန်းဘဲ လွယ်ကူစွာလိုက်လုပ်နိုင်တဲ့နည်းလမ်းလေးဖြစ်တဲ့အပြင် အနံ့ပျောက်သူ ဆယ်ဦးလောက် ဒီနည်းလမ်းလေးလုပ်ကြည့်တာ အကုန်အနံ့ပြန်ရလာကြတာမိုယုံကြည်စွာလုပ်နိုင်ကြောင်း ရေးသားမျှဝေခဲ့တာပါ။

ဒါပေမယ့် ဒီလိုမျိုးမျှဝေပေးတာက ကြိတ်ကုဖို့မဟုတ်ဘဲ တကယ်အနံ့ပျောက်တာနဲ့ကြုံလာရင် ညွှန်ကြားထားတဲ့ဆေးရုံ၊ဆေးခန်းတွေကို သွားပြကြဖို့၊ ညွှန်ကြားချက်တွေအတိုင်း စနစ်တကျလုပ်ဆောင်ကြဖို့လည်း ထပ်ဆောင်းပြောကြားခဲ့ပါသေးတယ်။

ကြက်သွန်နီကတော့ တော်ရုံဖျားနာတာမျိုး၊အသက်ရှုကြပ်တာမျိုးစတာတွေအတွက် ရှေးအရင်အဆက်ဆက်ကတည်းက သုံးစွဲလာကြတဲ့ မီးဖိုချောင်သုံးဆေးမြီးတိုတစ်မျိုးမို့ မှတ်သားတာကတော့ မှားမယ်မထင်ပါဘူး ပရိသတ်ကြီးရေ..

Be the first to comment

Leave a Reply