မီးမီးခဲအတွက် ဝမ်းနည်းကြောင်း ပို့စ်တင်ပြီးမှ ပြန်ဖျက်ရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ထူးအယ်လင်း

ပရိတ်သတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော် မီးမီးခဲကတော့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ရင်သားကင်ဆာနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို ဆုံးပါးခဲ့ရတာကြောင့် ပရိတ်သတ်တွေသာမက အနုပညာရှင်များကပါ ထပ်တူ ဝမ်းနည်းနေခဲ့ကြပါတယ်။

ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော် ထူးအယ်လင်းကလည်း မီးမီးခဲအတွက် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းစကားကို ပို့စ်တင်ပြီး ပြောခဲ့ပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ အဆိုပါ ပို့စ်ကို ဖျက်သွားခဲ့ပါတယ်။ အခုလို ပို့စ်ဖျက်ရတဲ့အကြောင်းနဲ့ ပက်သက်ပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေတဆင့် Live လွှင့်ကာ ရှင်းပြခဲ့ပါတယ်။

ထူးအယ်လင်း ပြောခဲ့တာကတော့ “ကျွန်တော့်သမီးဆီက သတင်းဝင်လာတယ်၊ ပါးပါးမိုးမိုးဆုံးပြီ ဆိုပြီး ပြောတယ်။ စိတ်မကောင်း ပါ ဘူး ဘာကြောင့် စိတ်မကောင်းဖြစ်တာလဲ ဆိုရင် ကျွန်‌တော့် သမီးအတွက် စိတ်မကောင်းဖြ စ် တာ ကျွန်တော်တို့ကျတော့ ပြီးသွားပြီလဲ သူ့မှာလည်း မိသားစု ရှိသလို ကျွန်တော့်မှာလည်း မိသား စု အသစ်ရှိတယ် ။ ကျွန်တော်အဖက်ဖက်ကို ကြည့်ပြီးတော့ ကျွန်တော် ပို့စ်တင်လိုက်သေးတယ်။ ကောင်းရာသုဂတိလားပါစေလို့ ကျွန်တော် ကားမောင်းနေရင်းနဲ့ ရေးပြီး တင်လိုက်တာ။

ဒါပေမယ့် ကျွန်တော်ပြန်စဉ်းစားတယ် သူကြိုက်မှာ မဟုတ်ဘူး သူ့မှာလည်း မိသားစု ရှိတယ် ကျွန် တော့် မှာလည်း မိသားစုရှိတယ်။ နားလည်မှု တစ်ခုနဲ့ ပေးရင် ပေးထားလိမ့်မယ် သူတို့စိတ်ထဲမှာ ကြို က်မျာမဟုတ်ဘူး အားလုံးက သူ့မိသားစုနဲ့ သူ ရှိနေတာကို ဒါကြောင့်မို့ ကျွန်တော်ပို့စ်ကို ပြန် ဖျက်လိုက်တယ်။ အခု ကျွန်တော်က သူ့ကို စိတ်မကောင်းတော့ စိတ်မကောင်းဘူး ဒါပေမယ့် ကျွန် တော် ပိုပြီး စိတ်မကောင်းဖြစ်ရမှာ ကျွန်တော့်သမိးအတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရမှာ သ မီး မေမေမရှိတော့ဘူး အဖေကလည်း ပါးပါးပဲ အမေလည်းပါးပါးပဲ ဒါကြောင့်မို ကျွန်တော့် သမီး အ တွက် ကျွန်တော်ပြင်ဆင်ရမယ်

မိတ်ဆွေတွေအနေနဲ့ စိတ်မကောင်းဖြစ်တာကို နားလည်ပါတယ် စိတ်မကောင်းဖြစ်တယ်ဆိုရင် သူ့အတွက် ရည်စူးပြီး ကုသိုလ်ရေးလုပ်ပေးကြပါလို့ ပြောချင်တယ်။ကျွန်တော်တို့ အားလုံးသေ မျိုးပါ ကျွန်တော်လည်း သေဦးမှာ ကျွန်တော့်သမီးလေးကို ဘယ်လို ခွန်အားပေးစကားပြောရလဲ ဆိုတော့ ပါးပါးလည်း စိတ်မကောင်းဘူး ဒါပေမယ့် ပါးပါးရှိသေးတယ်နော် သမီးလိုတာပြော ကျွန် တော်အားလုံးဖြည့်ဆည်းပေးမယ်။

ကျွန်တော့်သမီးက ကျွန်တော်နဲ့နေတာပါ,သူ့ကို တပင်တိုင် မြ နန်းထားတာပါသူ့အမေနဲ့နေတာမ ဟုတ်ပါဘူး။ ကျွန်တော်စိတ်မကောင်းတာ သမီးအတွက်ပါ ဒါ ပေမယ့် သမီးအတွက် ဘာတွေ ပြန်လုပ်ပေးရမလဲ ပြင်ဆင်ရလဲ ဒါပဲ စဉ်းစားတယ်” ဆိုကာ ပြောပြခဲ့ပါတယ်။ သမီးလေးရေ မိုးမိုး မရှိတော့ပေမဲ့လည်း ချစ်ရတဲ့ ပါးပါးရှိတဲ့အတွက် အခုအခြေအနေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Be the first to comment

Leave a Reply