မော်ဒယ်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ချောရတနာကတော့ အခုဆိုရင် အနုပညာအလုပ်တွေထက် မိသားစုနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူတစ်ဦးပါ။
အိမ်ထောင်မကျခင်အထိ ကြော်ငြာတွေ ဗီဒီယိုကားတွေနဲ့ ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ချောရတနာကတော့ ၂၀၁၅ခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ဆိုတဲ့ကားနဲ့ ဇာတ်ပို့ဆုရရှိထားသူလည်းဖြစ်ပါတယ်။
ချော ရတနာကတော့ သားတစ်ယောက် သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မတစ်ဦးအနေနဲ့ သူမနဲ့ခင်ပွန်းသည်အကြောင်းကို ပြောပြလာခဲ့ပါတယ်။
ချောရတနာကတော့ “အစ်မတို့ နှစ်ယောက်က အသွင်လည်း မတူ အကြိုက်လည်း မတူတဲ့ အခါကျတော့ ယောင်္ကျား ကောင်း ဆိုပေမယ့် ညှိရတာလေးတွေတော့ ရှိတယ်။ အရမ်း အဆင်ပြေနေတဲ့ အိမ်ထောင်ဆို တာ မရှိဘူး။ ရှိတယ်ဆိုရင်လည်းအစ်မ ထင်တာတော့ ရှားတယ်ပေါ့နော်။ ဒါပေမယ့် တစ်ယော က် နဲ့ တစ်ယောက် အဆင်ပြေအောင် နေနေကြတယ်။ အစ်မ အမျိုးသားဆိုရင်လည်း အကောင်း ဆုံး သူတတ်နိုင်သလောက် မိသားစုအတွက် ဖြည့်ဆည်းပေးတယ်။ဒါပေမယ့် အိမ်တွင်းရေးပြ ဿ နာလေးတွေ ဆိုတာ သူ့ဟာနဲ့သူ ရှိကြပါတယ်။ ဒါပေမယ့်လည်း အစ်မက ယောက်ျားကောင်း တစ်ယောက် ရထားတာပါ” လို့ သူ့အိမ်ထောင်ရေးအကြောင်းကို ပြောပြလာပါတယ်။
အိမ်ထောင်ရေးမှာ သားသမီးတွေ ထွန်းကားလာတဲ့အတွက်လည်း သူတို့ကြားမှာ ညှိနှိုင်းစရာမလိုပဲ ပြောင်းလဲ မှုလေးတွေလည်းရှိတယ်လို့ သူမဖြတ်သန်းနေရတဲ့ အိမ်ထောင်ရေးအကြောင်းကို ပရိသတ်ကို မျှဝေလာခဲ့ပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရမယ်၊ လင်မယားနှစ်ယောက်တည်း ရှိတဲ့အချိန် တု န်းက သူလဲ သူပြောချင်တာပြော၊ ကိုယ်လည်း ကိုယ်ပြောချင်တာပြောပေါ့။ အခုက က တွေ လ ည်း ရှိလာပြီဆိုတော့နည်းနည်း ထိန်းရတာပေါ့နော်။ ပြောချင်တိုင်း ပြောလို့ မရဘူး။ အခုဆို သူ့ ကိုလည်း ကိုယ်ပြောစရာ မလိုဘူး၊ ကိုယ့်ကိုလည်း သူပြောစရာမလိုဘူး။ ကိုယ့်ဘာ သာကိုယ် ပြင် သွားကြတာပဲ။ ဒါကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေသွားကြ တာပေါ့” လို့ သူမက ဖြေကြားထားပါတယ်။
ချောရတနာဟာ ၂၀၀၂ ခုနှစ်တုန်းက အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အခုဆို ၅နှစ်ကျော် အရွယ် သားလေးနဲ့ ၂နှစ်ကျော်အရွယ် သမီးလေးတို့ကိုပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်လို့နေပါပြီ။
Yin Khat Pan ( Writer – LLA )
Be the first to comment