အဘ အောင်မင်းခေါင် နဲ့ ပတ်သတ်တဲ့ ထူးထူးခြားခြား ဖြစ်စဥ်တစ်ခုကို ပြောပြလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်

မြန်​မာနိုင်​ငံရဲ့ နာမည်​ကြီးဒါရိုက်​တာတစ်​ဦးဖြစ်​သလို သရုပ်​​ဆောင်​တစ်​ဦးလည်းဖြစ်​တဲ့ ညိုမင်းလွင်​က​တော့ သူကြုံ​တွေ့​နေကျ အဖြစ်​အပျက်​​လေး​တွေကို လူမှုစာမျက်​နှာ​ပေါ်က​နေတစ်​ဆင့် ပရိသတ်​ကို မျှ​ဝေ​ပေး​လေ့ရှိသူပဲဖြစ်​ပါတယ်​။

ညိုမင်းလွင်​က​တော့ ဘာသာတရားကိုရို​သေကိုင်းရှိင်းသူပီပီ မကြာ​သေးခင်​ကပဲ ဘုရင်မကြီးရှင်စောပုရဲ့ ဘုရားဆင်းတုတော်များကို နေအိမ်မှာ ပင့်ဆောင်ပူဇော်ပြီး ကုသိုလ်ယူခဲ့သလို အခုတစ်​ခါမှာလည်း အဘအောင်မင်းခေါင်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အ​ကြောင်း​လေးကို ​ပြောပြလာခဲ့ပါတယ်​။

သူ​ပြောပြလာတဲ့အ​ကြောင်း​လေးက​တော့ ​စီးကရက်​သိပ်​ကြိုက်​​ပေမယ့် အဘဆီက ​​ဆေးပြင်းလိပ်​စွန့်ပြီး​နောက်​ပိုင်း စီးကရက်​မ​သောက်​ဖြစ်​​လောက်​​တော့​အောင်​ ကြုံ​တွေ့လိုက်​ရတဲ့ကိစ္စရပ်​​တွေအ​ကြောင်းကို အံ့သြဖွယ်​ရာ ​ရေးသားထားတာပါ။

ညိုမင်းလွင်​က​တော့ “ကျွန်တော့်အတွက်တော့ အဲဒီကိစ္စက တော်တော်လေး ထူးဆန်းခဲ့ပါတယ်။ ကျွန်တော်က စီးကရက်အရမ်းကြိုက်ခဲ့တဲ့သူတစ်ယောက်ပါ၊ သူများတိုက်လို့သောက်တတ်ခဲ့တာမဟုတ်ပဲ ကိုယ်တိုင်က သောက်ချင်လို့ကိုသောက်ခဲ့တာဖြစ်ပြီး ဘယ်တော့မှလည်းဖြတ်ဖို့စိတ်ကူးမရှိခဲ့ပါဘူး၊

စန္ဒာမကြိုက်မှန်းသိပေမယ့်လည်း အဲဒီတစ်ခုကိုတော့ အားနာနာနဲ့ အိမ်မှာမသောက်ပဲ အပြင်မှာသောက်တာပါပဲ။ (၂၀၁၃) ခုနှစ်တုန်းက အခုလိုအချိန်မှာ စန္ဒာနဲ့ကျွန်တော့်ကို ဦးဇော်ကဖိတ်လို့ ဦးဇော်ခြံထဲက အဘထွက်ပွဲကိုသွားဖြစ်ခဲ့ တယ်။ဦးဇော်နဲ့တွေ့ရင် စန္ဒာက ကျွန်တော့်အကြောင်းတွေတိုင်နေကျအတိုင်း ကျွန်တော်စီးကရက်တွေ အရမ်းသောက်တဲ့အကြောင်း တိုင်ပါတယ်။

ဦးဇော်ကတော့ သူ့ထုံးစံအတိုင်း ပြုံးပြုံးကြီးပါပဲ၊ ဒါမျိုးဆိုတာအတင်းဖြတ်ခိုင်းလို့မရကြောင်း၊ သူ့ဟာသူအချိန်တန်ရင်ပြတ်သွားမှာဖြစ်ကြောင်းပြောပါတယ်၊ ကျွန်တော်ကတော့ စိတ်ထဲကနေ ဘယ်တော့မှမဖြတ်ဘူးပေါ့လေ၊ အပြန်ကျတော့ ဦးဇော်က အဘရုပ်တုကြီးမှာကပ်ထားတဲ့ ဆေးပြင်းလိပ်တစ်လိပ်စွန့်ပြီးကျွန်တော့်ကိုပေးပါတယ်၊ ကျွန်တော်ကတော့ စန္ဒာ့ရှေ့မှာ အောင်နိုင်သူပေါ့၊

“ တွေ့လား၊ ဦးဇော်က မဖြတ်ခိုင်းတဲ့အပြင် ဆေးလိပ်တောင် တိုက်လိုက်သေးတယ် “ ပေါ့၊ အပြန်လမ်းမှာ ကားကိုမှန်ဖွင့်ပြီး တစ်လမ်းလုံးသောက်လာလိုက်သေးတာ၊ ဇာတ်လမ်းက နောက်နေ့မှာ စတာပါပဲ၊ ကျွန်တော်အဲဒီဆေးပြင်းလိပ်သောက်ပြီးနောက်တစ်ရက်မှာ အာသီးရောင်ပြီး ဖျားတယ်၊ အဲဒီတော့ စီးကရက်ကို ခဏဖြတ်ရပါတယ်၊ ဒါပေမယ့်လည်း စိတ်ကမပြတ်ဘူး၊ နေကောင်းရင်ပြန်သောက်မယ် လို့တေးထားတာပဲ၊

နေကောင်းတော့ ပြန်သောက်တယ်၊ ပြန်ဖျားတယ်၊ နှစ်ခါလောက်ဖျားအပြီးမှာ Singapore ထွက်သွားရတယ်၊ Singapore မှာက No Smoking Area တွေများတော့ မသောက်ဖြစ်ခဲ့ဘူး၊ဒါပေမယ့် ကျွန်တော်က ခေါင်းမာတယ်၊ ရန်ကုန်ပြန်ရောက်ရင်သောက်မယ် လို့ပဲ စိတ်ထဲမှာကျုံးဝါးထားတယ်၊ ရန်ကုန်ပြန်ရောက်တော့ Shooting မှာ စီးကရက်တဗူးဝယ်ခဲ့စမ်း ပေါ့၊ စီးကရက်ငတ်ခဲ့သမျှ အားရပါးရသောက်မယ်ပေါ့။

အရမ်းအံ့ဩစရာကောင်းတာပဲ၊ ကျွန်တော်တစ်လိပ်ကုန်အောင်သောက်လို့မရတော့ဘူး၊ အရင်တုန်းကလည်း တချို့အချိန်တွေမှာ တစ်ပါတ်၊ ဆယ်ရက်လောက်မသောက်ဖြစ်ပြီးမှ ပြန်သောက်ဖူးတာပဲ၊ အဲဒီလိုအချိန်မျိုးဆို ပိုတောင်သောက်လို့ကောင်းနေသေး အရင်တုန်းကဆိုရင် မျက်စိမှိတ်ထားပြီး ပါးစပ်မှာလာတပ်ပေးရင်တောင် ဘာတံဆိပ်လဲလို့သိတဲ့အထိ စီးကရက်အရသာကို ခွဲခြားတတ်ခဲ့တာလေ၊ ကျွန်တော်အရမ်းကြိုက်ခဲ့တဲ့စီးကရက်က ကျွန်တော့်ပါးစပ်ထဲမှာ ဘာအရသာမှလည်းမရှိတော့ဘူး၊ ဘာကြီးဖြစ်နေမှန်းကိုမသိတာ၊ အဲဒါ ကျွန်တော်သောက်ခဲ့တဲ့နောက်ဆုံးစီးကရက်ပါပဲ။

အခုဆိုရင် ခုနစ်နှစ်ရှိသွားပါပြီ၊ အနားမှာ သူများလာသောက်ရင်လည်း သောက်ချင်တာမျိုးမရှိတော့ပါဘူး၊ တခါတလေ ငါ ဘယ်လိုသောက်ခဲ့ပါလိမ့် ဆိုတာ ပြန်တောင်စဉ်းစားယူရပါတယ်။ ဒီနေ့ အဘအောင်မင်းခေါင်နေ့လို့ပြောနေကြတာတွေ့မိလို့ အမှတ်တရပြန်ရေးလိုက်တာပါ၊ လေးစားပါတယ် အဘ p.s. ဓါတ်ပုံက ဦးဇော်ဆီကပါ” လို့​ရေးသားမျှ​ဝေထားတာပါ။

ညိုမင်းလွင်​က​တော့ သူကြုံ​တွေ့ခဲ့ရတဲ့ မှတ်​မှတ်​ရရဖြစ်​ရပ်​​လေးကို အဘ​အောင်​မင်း​ခေါင်​​နေ့နဲ့တိုက်​ဆိုင်​တာနဲ့ ​ပြောပြထားတာပဲဖြစ်​ပါတယ်​။

ပရိသတ်​ကြီး​မှာလည်း ဒီလို ထူးဆန်းတဲ့ဖြစ်​ရပ်​​လေး​တွေ ကြုံ​တွေ့ခဲ့ရတာရှိရင်​ အများသူငါဖတ်​ရှုနိုင်​ဖို့ ကွန်​မန့်မှာ မျှ​ဝေ​ပေးခဲ့ပါဦး​နော်​။

Yin Khat Pan ( Writer – LLA )

Be the first to comment

Leave a Reply