အခုလက်ရှိ ရုပ်ရှင်ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေတဲ့ သားညီကတော့ တစ်ခေတ်တစ်ခါကလည်း အစ်ကိုဖြစ်သူ ဒွေးနဲ့တွဲဖက်ရိုက်ကူးရင်း ပရိသတ်အခိုင်အမာရရှိထားသူတစ်ဦးပါ။
သားညီကတော့ သူနဲ့ အနုပညာညီအကိုလည်းဖြစ် ဝါသနာတူဘောလုံးကစားဖော်လည်းဖြစ်တဲ့ သရုပ်ဆောင်မင်းသွေးနဲ့ နောက်ဆုံးပြောခဲ့တဲ့ စကားလေးကို မင်းသွေး ၂နှစ်ပြည့်မှာ အမှတ်တရအနေနဲ့ ပရိသတ်ကို မျှဝေထားတာပါ။
သားညီကတော့ သူတို့ပြောထားတဲ့ စကားလေးနဲ့အတူ
“3.10.2020….. 2 နှစ်ပြည့်သွားပြီ ဟေ့လူ …
နောက်ဆုံး စကားပြောခဲ့ကြတာဖြစ်လိမ့်မယ်လို့ ဘယ်ကြိုသိခဲ့မလဲလေ သတိရလိုက်တာဗျာ …” လို့ ရေးသားထားတာပါ။
မင်းသွေးကတော့ လောကကြီးကိုရုတ်တရက်ကျောခိုင်းသွားပေမယ့် ပရိသတ်ရဲ့ရင်ထဲမှာ အခုအချိန်ထိရှင်သန်နေဆဲပါပဲ။ အနုပညာမောင်နှမတော်တော်များများကလည်း မင်းသွေးကိုလွမ်းဆွတ်လျက်ရှိနေကြဆဲပါ။
Yin Khat Pan ( Writer – LLA )
Be the first to comment