နှစ်ပေါင်း ၃၀ကျော် အနုပညာလောကမှာ အခိုင်အမာ ရပ်တည်နေဆဲဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် မင်းသား ရန်အောင်ကတော့ ယခုအချိန်ထိ ပရိသတ်အားပေးမှုရရှိဆဲ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။
ကိုရန်အောင်ကတော့ တစ်ခေတ်တစ်ခါက အတွဲညီညီသရုပ်ဆောင်ဖူးသူ အခုအချိန်ထိ ဇာတ်လမ်းတွေမှာ တွဲလျက်တွေ့နေရတုန်းဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် အကယ်ဒမီ မို့မို့မြင်အောင် မိခင်ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်နေတာပါ။
ယခုကာလမှာ ကိုဗစ်ရောဂါကူးစက်မှုစိုးတဲ့အတွက် လူစုလူဝေးကိုတတ်နိုင်သမျှရှောင်နေရတာကြောင့် မမို့အမေရဲ့ဈာပနကို လိုက်ပို့ခွင့်မရတဲ့အတွက် ရန်အောင်က ” ချစ်ရတဲ့အစ်မ မမို့(မို့မို့မြင့်အောင်)ရဲ့မွေးမိခင်ကြီး ယနေ့ နေ့လည်(၁)နာရီ(၅)မိနစ်မှာ လူကြီးရောဂါနှင့်ဆုံးပါးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်.
ကျွန်တော့်ကို ချစ်တဲ့၊ ကျွန်တော်က ချစ်တဲ့ မာမီ့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရ,မျက်နှာလေးကိုမကြည့်လိုက်ရလို့ ပိုပြီး ခံစားကြေကွဲရပါတယ်မာမီရေ… ကျွန်တော့်အိမ်နဲ့နီးပါတယ် လမ်းထိပ်တင်၊ ဒါပေမယ့် Covid ကြောင့် ဘယ်မှမသွား/မလာရတော့ ဝတ္တရားမကျေသလိုခံစားရပြန်တယ်.. အသက်(၉၉) နှစ် ရှိပြီဖြစ်တဲ့မာမီရေ…. ဒီ(၉၉) နှစ်လုံး သုံးလာတဲ့ ခန္ဓာကိုယ် အဟောင်းကိုစွန့်ပြီး ကောင်းရာဘုံဘဝသစ်မှာ ခန္ဓာသစ်နဲ့ သုခချမ်းသာပြည့်စုံရရှိပါစေခင်ဗျာ” လို့ ရေးသားကာ ဆုတောင်းပေးထားတာပါ။
အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့မိခင်ကြီးကတော့ စက်တင်ဘာလ(၃၀) ရက်နေ့ နေ့လည်(၁)နာရီ(၅) မိနစ်မှာဆုံးပါးသွားတာဖြစ်ပါတယ်။
မို့မို့မြင့်အောင်ကိုယ်တိုင်ကလည်း မိခင်ဈာပနကို မလိုက်နိုင်တာကို နားလည်ကြောင်းကို
“မို့ ကြေကွဲစွာခံစားနေရပါတယ် မို့ မိခင်ကြီး ၊အသက်(၉၉)နှစ် ၃၀-၉-၂၀၂၀ နေ့လည် ၁:၀၅ မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါပြီ။ မို့ ခံစားနေရသလို သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ် ၊ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ် Covid နှင့် Lockdown ကြောင့်မို့ပါ။ မို့ စာအများကြီးမရေးနိူင်တာ ခွင့်လွှတ်ပါ။” လို့ သူ့ရဲ့ ဖေ့ဘွက်စာမျက်နှာမှာရေးသားထားတာကို တွေ့ရပါတယ်။
Yin Khat Pan ( Writer – LLA )
Be the first to comment