သမီးလေးရဲ့ ၁၄ နှစ်ပြည့်မွေးနေ့ကို သူအရမ်းကြိုက်တဲ့ Idol နဲ့ ဖန်တီးပေးလိုက်တဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်း

တစ်​​ခေတ်​တစ်​ခါ Music video ​တွေမှာ ​နေရာယူခဲ့တဲ့ သရုပ်​​ဆောင် ပိုင်ဇေရဲထွန်းကတော့ ပရိသတ်​​တွေအားကျရ​လောက်​တဲ့ အိမ်​​ထောင်​​ရေးနဲ့အတူ ​ပျော်​ရွှင်​စရာ​ကောင်းတဲ့မိသားစုဘဝ​လေးကိုပိုင်​ဆိုင်​ထားသူပါ။

လက်ရှိမှာ သားနှစ်ယောက် သမီးတစ်ယောက်တို့ရဲ့​ဖေ​ဖေဖြစ်​​နေတဲ့ ပိုင်​​ဇေရဲထွန်းက​တော့ ဇနီးသည်​ကိုလည်း သိပ်​ချစ်​တဲ့သူဖြစ်​တာ​ကြောင့် သူတို့မိသားစုရဲ့ပုံရိပ်​​လေး​တွေဟာ မြင်​ရသူအဖို့စိတ်​ကြည်​နူး​စေတာအမှန်​ပါပဲ။

အခုတစ်​ခါလည်း ပိုင်​​ဇေရဲထွန်းက သမီးအကြီးဆုံး​လေးရဲ့​မွေး​နေ့ကျင်းပ​ပေးပုံ​လေးကို လူမှုကွန်​ယက်​စာမျက်​နှာက​နေ မျှ​ဝေ​ပေးလိုက်​ပါတယ်​။

စက်တင်ဘာလ (၂၅) ရက်နေ့က ကျ​ရောက်​တဲ့ သမီးအကြီးဆုံးလေး ဂျူလီယာရဲ့ (၁၄) နှစ်ပြည့်မွေးနေ့အတွက်​ ​ဖေ​ဖေပိုင်​​ဇေရဲထွန်းနဲ့ ​မေ​မေဇင်​သဲနိုင်​တို့က သမီးကြိုက်​တဲ့
ကိုရီးယား IDOL ပုံ မွေးနေ့ကိတ်ကြီးနဲ့ ​မွေး​နေ့ကိုဂုဏ်​ပြု​ပေးခဲ့ကြတာပါ။

သမီးကြီးရဲ့​မွေး​နေ့အတွက်​
“ချစ်တုံး​လေးရဲ့ ၁၄ နှစ်ပြည့်​မွေး​နေ့ပွဲ။ ​ပျော်ရွင်စရာ​တွေဘဲ ရာသက်ပန် ပိုင်ဆိုင်ပါ​စေ ချစ်သမီး င​ပေါ​လေး” ဆိုပြီး ​ဖေ​ဖေပိုင်​​ဇေရဲထွန်းက ဆု​တောင်း​ပေးထားပါတယ်​။

တကယ့်ကိုကြည်​နူးဖွယ်​​ရာ ပုံရိပ်​​လေး​တွေပါပဲ​နော်​။ ပိုင်​​ဇေရဲထွန်းတို့ ဇနီး​မောင်​နှံ သမီးအတွက်​ ပြင်​​ပေးထားတဲ့ ကိတ်​မုန်​ထဲက idol ​လေး​တွေက ဘယ်​သူ​လဲဆိုတာ​တော့ ကိတ်​မုန့်​လေးကိုကြည့်ပြီး အ​ဖြေရှာကြည့်ကြပါ​နော်​။

Yin Khat Pan ( Writer – LLA )

Be the first to comment

Leave a Reply