ဗေလုဝ ကို စပြီးတွေ့တုန်းက ချစ်မိသွားတဲ့ အဖြစ်အပျက်လေးကို ပြောပြလာတဲ့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်

သရုပ်​​ဆောင်​​ဗေလုဝဆိုရင်​ အနုပညာ​လောကမှာ နာမည်​တစ်​လုံးရ​နေတဲ့ ဟာသသရုပ်​​ဆောင်​ဆိုတာ အားလုံးသိကြမှာပါ။ အနုပညာသက်​တမ်း နှစ်​၂၀​ကျော်​ပြီဖြစ်​တဲ့ ဦး​ဗေဟာ ၂၀၁၆ခုနှစ်​ရဲ့ အ​ကောင်းဆုံးအမျိုးသားဇာတ်​ပို့ဆုကိုလည်းပိုင်​ဆိုင်​ထားသူဖြစ်​ပါတယ်​။

မကြာ​သေးခင်​ကပဲ ဦး​နှောက်​​သွေး​ကြောပိတ်​​ရောဂါနဲ့ ​ဆေးကုသမှုခံယူခဲ့ရတဲ့ ဦး​ဗေဟာ အခုလက်​ရှိမှာ​တော့ အနည်းငယ်​သက်​သာ​နေပြီး​ ​နေအိမ်​မှာပဲ ဆက်​လက်​ကုသမှုခံယူလျက်​ရှိတယ်​လို့သိရပါတယ်​။

လက်​ရှိမှာ​တော့ ဦး​ဗေဟာ ဇနီးသည်​ ​ဒေါ်စုစုခိုင်​နဲ့အတူ သား​လေးတစ်​​ယောက်​ပိုင်​ဆ်ို​င်​ထားသူပဲဖြစ်​ပါတယ်​။
ဦး​ဗေရဲ့ ဇနီးဖြစ်​သူ နဲ့ ဦး​ဗေတို့ ဘယ်​လိုဖူးစာဆုံကြလဲဆိုတဲ့ ​မေးခွန်းကို​တော့

“ ဦးဗေ အစ်မ အရင်းနဲ့ အန်တီ့အစ်ကို တစ်ဝမ်းကွဲနဲ့ ညားတာ ဆိုတော့ သိပ်မစိမ်းဘူး။ ဦးဗေက ငယ်ငယ်ကတည်းက သေးသေးပိန်ပိန်ညှက်ညှက်ကလေးပဲ။ အဲဒီ ပိန်ပိန် သေးသေး ညှက်ညှက်ကလေးကိုပဲ ချစ်မိသွားတာ။ ဦးဗေ အစ်မက အောင်သွယ်ပေါ့။ အခြေအနေကို ကြည့်တော့လည်း ဦးဗေတို့က စာရေးတာ တစိုက်မတ်မတ်ရှိတယ်။ အဲဒီတုန်းကလည်း သူက ဇာတ်ကားတွေ ရိုက်နေပြီ မအောင်တော့ မအောင်မြင်သေးတဲ့ အချိန်ပါ။ ကိုယ့်ယောင်းမကလည်း ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ပေါ့ ဆိုပြီးတော့ ယောင်းမက အောင်သွယ်ပြီး ပေးစားခဲ့ကြတာပါ” လို့ သူတို့ဆုံ​တွေ့ပြီးလက်​ထပ်​ဖြစ်​ခဲ့ပုံကို ​ဒေါ်စုစုလှိုင်​က ​ပြောပြခဲ့ပါတယ်​။

လက်​ရှိမှာ ဦး​ဗေကလည်း အနုပညာအလုပ်​​တွေ ရပ်​နားထားရတဲ့အတွက်​​ ဦး​ဗေ​ဆေးဖိုးအဆင်​​ပြေ​အောင်​ မုန့်ဟင်းခါး​ရောင်းရင်း ​ခြွေတာသုံး​နေရတယ်​လို့ ​ဒေါ်စုစုလှိုင်​ကအခုလိုပဲ ​ပြောပြသွားခဲ့ပါတယ်​။

“ အခုချိန်မှာတော့ ရှိတာလေးတွေကို ခြွေ ခြွေတာတာ စားကြ၊ သောက်ကြ၊ ဦးဗေ ဆေးဖိုးလေးနဲ့ ရှိတာလေးတွေလည်း ရောင်းချရတာပေါ့။ ညနေပိုင်းဆိုရင် ဈေးဖိုးရအောင် မုန့်ဟင်းခါးလေးရောင်းတယ်။ တစ်သောင်း၊ ၉၀၀၀ လောက်ရလည်း ဟင်းစားလေး ရတာပဲလေ။ ဆိုင်ကလည်း ရောင်းရလို့ မဆိုးပါဘူး။” လို့ ဆိုပါတယ်​။

ကိုဗစ်​ကာလအတွင်း ဦး​ဗေဦးစီးပြီး ဖွင့်လှစ်​ထားတဲ့ “လယ်​သူမ” ဆိုင်ကလည်း သိပ်​အဆင်​မ​ပြေလှတဲ့အ​ကြောင်းကို​တော့

“လယ်သူမ ဆိုင်ကလည်း အခုဆို Covid က (၂) ခါဖြစ်တာဆိုတော့ အဆင်မပြေဘူး၊ ဆိုင်ကလည်း ပိတ်ထားရသလို ဝန်ထမ်းတွေကလည်း ပြန်လို့မရတော့ ကျွေးထားရတယ်။ အခုဆို စာချုပ်က သိန်း(၃၀၀) ကျော် ချုပ်ရမှာ။ (၁၂) လပိုင်းဆိုပြည့်ပြီလေ။ ဒါကြီးကို
မတတ်နိုင်တော့ တခြားနေရာလေးတွေမှာ လုပ်ဖို့တော့ စီစဉ်ထားတယ်” လို့ သိရပါတယ်​။

Yin Khat Pan ( Writer – LLA )

Be the first to comment

Leave a Reply