မြန်မာနိုင်ငံကို ကိုဗစ်ရောဂါပိုး ဒုတိယအကြိမ်ရိုက်ခတ်မှုနှုန်းဟာ မြင့်တတ်လာတာမို့ အခုအချိန်ဟာ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကူညီနေကြတဲ့ စေတနာ့ဝန်ထမ်းတွေပါ မနားမနေ လုပ်ဆောင်ပေးနေရတာပဲဖြစ်ပါတယ်။
အနုပညာလောကရဲ့ ဝါရင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ထွန်းအိန္ဒြာဗိုလ်ကတော့ ကိုဗစ်ကာလမှာ စေတနာ့ဝန်ထမ်းလိုက်လုပ်နေတဲ့ တူမလေးကို သူအထင်လွဲနေမိခဲ့တဲ့အကြောင်း အားနာစွာနဲ့ဆိုလာခဲ့ပါတယ်။
ထွန်းအိန္ဒြာဗိုလ်ကတော့ တူမလေးကို အစကတော့ ကလေးစိတ်နဲ့ ဝင်လုပ်တယ်ထင်ပေမယ့် အပေါ်ယံမဟုတ်ဘဲ မနားမနေ ဆောင်ရွက်နေတဲ့အတွက် ဘေးကင်းဖို့ဆုတောင်းပေးနေတာပါ။
” ကျွန်မ အကို ( သူ့ ဘဘကြီး ) နဲ့ volunteer လိုက်လုပ်မယ် ခွင့်တောင်းတုန်းက ကလေးစိတ်နဲ့ ပေါ်ပင်လုပ်ချင်တာလို့ ထင်ခဲ့မိသေးတယ် ( sorry သမီး ) COVID စဖြစ်တယ်ဆိုကတည်းက တစ်ရက်မှ မနားသေးဘူး။ p+ လူနာတွေကြားထဲက ကျွန်မတူမလေး ( မသက်ရဲ့သမီးလေး )နဲ့အတူ
အားလုံး ( အားလုံး ) အန္တရာယ်ကင်းကြပါစေ ♥️♥️♥️” လို့ ပြောဆိုထားတာပဲဖြစ်ပါတယ်။
ဒီလို ကာလကြီးမှာ ကိုယ်ကျိုးမငဲ့ပဲ အများအတွက်ရှေ့တန်းတင်ပေးကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း မောင်မယ်တွေရဲ့ ကြိုးပမ်းမှုက တကယ့်ကို လေးစားစရာပါပဲ။ အားလုံးလည်း ဒီရောဂါဆိုးကြီးက လွတ်မြောက်ပြီး ဘေးအန္တရာယ်ကင်းကြဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Yin Khat Pan ( Writer – LLA )
Be the first to comment