ကိုဗစ်ကာလမှာ သူမရဲ့ စီးပွားရေးအခြေအနေ အကြောင်းပရိတ်သတ်တွေကို ​အသိ​ပေး ပြောပြလာတဲ့ နန်းခင်ဇေယျာ

Miss Universe Myanmar 2012 ဆုရှင်​ပအိုဝ်​သူ​လေး နန်းခင်​​ဇေယျာ​ရောင်းချတဲ့ မာလာရှမ်း​ကော​တွေက​တော့ ပရိသတ်​​တွေကြားမှာ လူကြိုက်​များ​နေတာပဲဖြစ်​ပါတယ်​။

ဆိုင်​​တွေပိတ်​​ထားတဲ့အတွက်​ Delivery ပို့ကာ ​ရောင်းချ​နေတဲ့ နန်းခင်​က​တော့ မာလာရှမ်း​ကော​ရောင်းချမှုနဲ့ပတ်​သတ်​ပြီး” delivery အပို့များတာ​ပေါ့ ဆိုင်​ဖွင့်မယ်​လုပ်​​ပေမယ့် အခုဆိုင်​​တွေပိတ်​ရ​တော့ deliveryပဲ​ရောင်း​နေရတာ​ပေါ့ ​ရောင်းအားက​တော့ ပိုတတ်​လာပါတယ်​” လို့ဆိုပါတယ်​။

မန္တ​လေးမှာလည်း နန်းခင်​ရဲ့ဦးစီး‌ရောင်းချနေတဲ့ (Nang-Just A Taste )ဟာ နာမည်​တစ်​ခုရ​နေပြီဖြစ်​ပြီး အခုဆိုရင်​ အ​ရေအတွက်​​တွေတိုးကာ မှာယူ​နေပြီလို့ သိရပါတယ်​။

နန်းခင်​ဟာ မာလာရှမ်း​ကော​ရောင်းရ​ငွေ​တွေနဲ့ အလှူအတန်း​တွေလုပ်​​နေသလို မန္တလေးမြို့၌သွားရောက်ရောင်းချစဉ်​ကလည်း ရရှိတဲ့ အကျိုးအမြတ်များကို
မန္တလေးမြို့ရှိသက်ကြီးရွယ်အိုအဘိုးအဘွား ၁၀ဦးကို လှူဒါန်းခဲ့ပါ​သေးတယ်။

အခုအချိန်​မှာ ​ရောင်းအား​ကောင်း​နေတဲ့ နန်းခင်​တစ်​​ယောက်​ ဝန်​ထမ်း​တွေကို ဘယ်​လိုအုပ်​ချုပ်​လည်း​မေးရာမှာ​တော့

“ဝန်​ထမ်း​တွေကို စာနာ​ပေးတယ်​ အလို​လိုက်​​ပေးတဲ့အတွက်​ ကိုယ်​ချထားတဲ့စည်းမျဉ်း​တွေကိုလည်း သူတို့ကလ်ို​က်​နာတယ်​ ကိုယ်​ကလည်းသူတို့ကိုလို​လေ​သေးမရှိထားတယ်​​ပေါ့
ိကိုယ်​က​ တိကျသူမို့ သူတို့ကလည်းတိတိကျကျလုပ်​​ပေးတယ်​ ဝန်​ထမ်း​တွေနဲ့ ကိုယ်​နဲ့ဆက်​ဆံ​ရေးကြားမှာ မန်​​နေဂျာတစ်​​ယောက်​ထားပြီး အုပ်​ချုပ်​ခ်ို​င်းထားတယ်​” လို့ ​ဖြေကြားထားပါတယ်​။

ကိုဗစ်​ကာလမှာ တခြားအလုပ်​​တွေဝန်​ထမ်း​လျှော့ချရ​ပေမယ့် နန်းခင်​ရဲ့ဝန်​ထမ်း​တွေက​တော့ ကိုဗစ်​ပထမလှိုင်းမှာ​တော့ ပြန်​ပေမယ့် အခုတစ်​​ခေါက်​​တော့မပြန်​ကြဘူးလို့သိရပါတယ်​။

အခုဆိုရင်​​တော့ မာလာရှမ်းကောနဲ့အတူ Bubble Milk Tea ပါတွဲဖက်​​ရောင်းချလျက်​ရှိပြီး ​အော်​ဒါ​တွေက​တောက်​​လျှောက်​တက်​တယ်​လို့ နန်းခင်​ကဆိုပါတယ်​။

စီးပွား​ရေးကို တစိုက်​မက်​မက်​လုပ်​ချင်​သူ နန်းခင်​​ဇေယျာက​တော့
“နန်းခင်​က မာလာရှမ်း​ကောအပြင်​ တခြားအရာ​တွေလည်းလုပ်​ချင်​တာ ဒါ​ပေမဲ့ နန်းခင်​ မာလာရှမ်း​ကောကိုပဲ အဓိကထားသွားထားတဲ့အတွက်​ ဒါကိုပဲ တစိုက်​မက်​မက်​လုပ်​​နေတာ​ပေါ့​နော်​ တခြားအမယ်​​တွေလည်းထုတ်​လို့ရပါပြီ ဒါ​ပေမဲ့ ကိုဗစ်​ပြီးမှ ထုတ်​မယ်​လို့ စဉ်းစားထားတာပါ” လို့  အင်​တာဗျူးမှာ ​ဖြေကြားထားတာကို ​တွေ့ရပါတယ်​။

Yin Khat Pan ( Writer – LLA )

Be the first to comment

Leave a Reply