ပရိတ်သတ်တွေ သိပ်မသိကြသေးတဲ့ ပိုင်တံခွန်ရဲ့ အနုပညာ ကျွမ်းကျင်မှု နောက်တစ်ခု

အခုလက်​ရှိနာမည်​ကြီး​နေတဲ့ အနုပညာရှင်​တစ်​ဦးဖြစ်​တဲ့ ပိုင်​တံခွန်​ဟာ မော်ဒယ်လောကကနေ အနုပညာလောကထဲကိုရောက်ရှိလာသူတစ်​ဦးဖြစ်​ပါတယ်​။

သူ့ရဲ့ရုပ်​ရည်​နဲ့ ချိုသာမှု​ကို ​ကြွေတဲ့ သူ​တွေက​တော့ မြန်​မာမိန်းက​လေး​တွေတင်​မကပါဘူး။ အ​ရှေ့​တောင်​အာရှက ပျို​မေ​တော်​​တော်​များများက ပိုင်​တံခွန်​ဖန်​ဖြစ်​​နေကြတာပါ။

ပြည်​တွင်းပြည်​ပ ပရိသတ်​​တွေရဲ့ တခဲနက်​အား​ပေးခြင်းခံ​နေရတဲ့ ပိုင်​တံခွန်​က​တော့ သူ့ရဲ့ ​ဖေ့ဘွက်​စာမျက်​နှာမှာ Stay Home ကာလမှာတတ်​​မြောက်​ထားတဲ့ အနုပညာ​လေးတစ်​ရပ်​ကို​ဖော်​ပြထားပါတယ်​။

အဲ့တာက​တော့ သူကိုယ်​တိုင်​ နာရီ (၅၀) လောက်ကြာအောင် အချိန်ပေးပြီး သေချာလေး ရေးဆွဲထားတဲ့ ပန်းချီ​လေးပဲဖြစ်​ပါတယ်​။

သူဟာ Stay Home ကာလမှာ ပန်းချီကိုကြိုးစား​ရေးဆွဲ ​လေ့ကျင့်​နေပြီး သူ​ရေးဆွဲထားတဲ့ ပထမဆုံး ဆီဆေးပန်းချီကားလေးတစ်ချပ်ကို
“I Just finished one Of my paintings” ဆိုတဲ့ ​ခေါင်းစဉ်​​လေးနဲ့ ပရိသတ်​​ရှေ့​မှောက်​ကို အ​ရောက်​ပို့ခဲ့ပါတယ်​။

သူ့ရဲ့ ပန်းချီ​အောက်​မှာ​တော့
“Price- 1500 ( မေတ္တာစစ်ဖို့တော့ လိုတယ်)”
လို့​ရေးသားထားတာ​ကြောင့် ဒီပန်းချီကို နိုင်​ငံခြားကပရိသတ်​​တွေက လာဝ
်​ဖို့ကမ်းလှမ်း​နေတယ်​လို့ ပိုင်​တံခွန်​ကဆိုထားပါတယ်​။

ပရိသတ်​ကြီး​ရေ ပိုင်တံခွန်ရဲ့ ၅ရက်​ကြာအချိန်​​ပေးပြီး ​ရေးဆွဲထားတဲ့ ဆီဆေး ပန်းချီကားလေးကတော့ ၁၅၀၀ နဲ့​လေလံတင်​ထားပါတယ်​။ ​မေတ္တာစစ်​နဲ့ပဲ တွက်​ချက်​ထားတဲ့ ၁၅၀၀မို့ အသပြာနဲ့​တော့ အထင်​မမှားကြလိုက်​ပါနဲ့ဦး​နော်​။

Yin Khat Pan ( Writer – LLA )

Be the first to comment

Leave a Reply