တစ်လကို မြန်မာငွေ သိန်း ၇၀၀ လစာ ပေးနေရတဲ့ အကြောင်း ပြောပြလိုက်တဲ့ ဖိုးချစ်

ဇာတ်​သဘင်​​လောကမှာ မင်းသားဖိုးချစ်​ဆိုရင်​ မသိသူ ခပ်​ရှားရှားရယ်​ပါ။ ဇာတ်​သဘင်​ကို နှစ်​စဉ်​ နယ်​လှည့်ကပြရင်း ဇာတ်​သဘင်​​လောကရဲ့ ဥက္ကဌအဖြစ်​တာဝန်​ယူထားသူဖိုးချစ်​ဟာ ဇာတ်​​တွေနားထားရတဲ့ ဒီလိုကာလမှာလည်း ဇာတ်​အဖွဲ့ဝင်​​တွေအကျိုး ပြည်​သူ​တွေအကျိုးကို သယ်​ပိုးဖို့ စဉ်းစား​နေသူတစ်​​ယောက်​ပါ။

ဇာတ်​က​နေစဉ်​အတွင်း ​ရောက်​ရှိတဲ့​ဒေသမှာ အလှူအတန်းပြုလုပ်​တတ်​သူ ဖိုးချစ်​ဟာ လက်ရှိ ပျံ့နှံ့နေတဲ့ Covid 19 ​ရောဂါ​ကြောင့် စားဝတ်​​နေ​ရေး အခက်​အခဲဖြစ်​​နေသူ​တွေ အတွက် “ပိုသူလှူ..လိုသူကူ” ထောက်ပံ့ရေးအစီအစဉ်ကိုလည်း အ​ကောင်​အထည်​​ဖော်​​ပေးလျက်​ရှိသူပါ။

ပရိသတ်​အခိုင်​အမာရထားတဲ့ ဇာတ်​မင်းသားဖြစ်​​ပေမယ့် အခုတ​လော ဇာတ်​သဘင်​​ဖျော်​​ဖြေမှု​တွေ ရပ်​နားထားရ​တာ​ကြောင့် သဘင်​မိသားစု​တွေကြုံရတဲ့အခက်​အခဲ​တွေကို​ဖြေရှင်းဖို့ သူပိုင်​ဆိုင်​တဲ့ ၁၂ဘီးကား၂စီး​ရောင်းထားရတယ်​လို့ သိရပါတယ်​။

ဖိုးချစ်​က​တော့ သူဦး​စီး ဦး​ဆောင်​ပြု​ပေး​နေတဲ့ စစ်​ကိုင်းယူနိုက်​တတ်​အသင်းမှာ ဘောလုံးသမားတွေရဲ့ လစာကို ဘယ်လိုစီစဉ်ပေးဖြစ်လဲဆိုတဲ့​မေးခွန်းနဲ့ပတ်​သတ်​ပြီး အခုလို​ဖြေကြားခဲ့ပါတယ်​။

” (၇၀)ရာခိုင်နှုန်းဖြတ်ပေးလိုက်တယ်။ တစ်သိန်းဆိုရင် ခုနစ်သောင်းပေါ့။ သူတို့လဲ သဘောတူတယ်။ မဟုတ်ရင်လဲ အသင်းက ကျွန်တော့်ထက်ချမ်းသာတဲ့သူတွေတောင်မှ အသင်းတွေ ရပ်ပလိုက်တာ။ ကျွန်တော့်ရဲ့ရုန်းကန်ရတာတွေ ပြောရမယ်ဆိုရင် ဘောလုံးအသင်းနဲ့ ဇာတ်အဖွဲ့ကို ကျွန်တော်လစာပေးမယ်ဆိုရင် ဘောလုံးနဲ့ ဇာတ်အဖွဲ့လစာကိုပဲ တစ်လကို သိန်း ၆၀၀ နဲ့ ၇၀၀ ကြားရှိတယ်။

နေ့စဉ်​ ထမင်းကတနေ့ကို ဆန်နှစ်တင်းလောက် ချက်ရတယ်။ ဒါပေမယ့် ကျွန်တော် အဲ့တာအတွက် စိတ်ဓာတ်မကျဘူး။ စိတ်မပျက်ဘူး။ ကျွန်တော့် အဖွဲ့သူ အဖွဲ့သားတွေ ထမင်းမြိန်မြိန်စားနေရတာကို ကျွန်တော်ရအောင်ကြိုးစားမှာပေါ့။ သေသွားပြီးတော့ ဒီတိုင်း အကျိုးမရှိပဲ ထားခဲ့ရတာထက်ဆိုရင်တော့ ရှင်သန်ခွင့်ရနေတဲ့အချိန်မှာ ကိုယ်ကျွေးလို့ရတာ ကိုယ်လုပ်လို့ရတာ လုပ်နေရတာ အဓိပ္ပာယ်ပိုရှိတယ်။ တစ်ချိန်ချိန်မှာ ကိုဖိုးချစ်နဲ့ အင်တာဗျူးအမှတ်တရလဲ ဖြစ်သွားနိုင်တာပဲ။ ကျွန်တော်မရှိတော့တဲ့ အချိန်ကျရင် အဲ့လိုဖြစ်မှာ။ လောကကြီးမှာ တစ်နေ့ထွက်ရမှာချင်းအတူတူ လိပ်ပြာလုံအောင်လေး ထွက်ချင်တယ်” လို့ ဖြေကြားခဲ့ပါတယ်​။

ဖိုးချစ်​က​တော့ သူ့အသင်းသား​တွေကို စိတ်​ဓာတ်​မကျ​အောင်​

“မနေ့ကသွားအားပေးခဲ့တယ်။ ကျွန်တော်သွားအားပေးလို့ သုံးဂိုးတစ်ဂိုးပဲရှုံးတာ။ ပြည့်စုံတဲ့ ချမ်းသာတဲ့ တကယ့်ဒိတ်ဒိတ်ကြဲ အသင်းကြီးလေဗျာ။ ကျွန်တော် ဇာတ်မင်းသားတစ်ယောက်ထောင်ထားတဲ့ အသင်းကတော့ ချို့တဲ့ပါတယ်။ ဆိုတော့ မနေ့က သွားအားပေးတယ်။ မင်းတို့ စိတ်ဓာတ်မကျနဲ့။ သုံးရက်တစ်ပွဲ နှစ်ရက်တစ်ပွဲကန်ရတာ ပင်ပန်းတယ်။ မင်းတို့ကို ငါမဆူဘူး။ စစ်ကိုင်း ယူနိုက်တက်ဆိုတဲ့ စိတ်တွေပြန်မွေးပါ။ မင်းတို့ဘာလိုတုန်း ငါ့ကိုပြော။ ငါဝင်ငွေမရှိပေမယ့် ငါရအောင် ရုန်းကန်မယ်။ ဒါပေမယ့် ဒီကာလမှာလဲ ဘောလုံးအသင်းနဲ့ပတ်သတ်လို့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” လို့အမြဲအား​ပေးတယ်​လို့ သိရပါတယ်​

တကယ့်ကိုမြင့်မြတ်​တဲ့စိတ်​ထားပ်ို​င်​ရှင်​ပါပဲ။ ဖိုးချစ်​ဟာ အွန်​လိုင်းဇာတ်​သဘင်​ကိုဖန်​တီးပြီး ဇာတ်​အဖွဲ့သား​တွေအတွက်​ အဆင်​​ပြေ​အောင်​ လုပ်​​ပေးခဲ့သူလည်းဖြစ်​ပါတယ်​။

အခုဆိုရင်​​တော့ စစ်ကိုင်းယူနိုက်တက်အသင်းဟာ ရမှတ် ၁၆ မှတ်ရရှိလာပြီး အဆင့် ၇ နေရာမှာရပ်​တည်​​နေပြီး လာမယ့်စက်တင်ဘာ ၂၆ ရက်၊ ညနေ သုံးနာရီခွဲ၊ YUSC ကွင်းမှာ ရတနာပုံအသင်းနှင့် ကစားရမယ်​လို့ သိရှိရပါတယ်​။

Yin Khat Pan ( Writer – LLA )

Be the first to comment

Leave a Reply