ချစ်သူဟောင်းရဲ့ မွေးနေ့ နဲ့ ပတ်သတ်ပြီး စနောက်ခဲ့တဲ့ မိခင်ဖြစ်သူ ကြောင့် အံ့အားသင့်ခဲ့ရတဲ့ G Fatt

လူငယ်​​တွေရင်​ထဲထိ​စေတဲ့သီချင်း​လေး​တွေကို မိမိုက်​တဲ့စာသား​လေး​တွေနဲ့​ရေးစပ်​ပြီး သီဆိုတတ်​သူ G Fatt က​တော့ ဂီ​တ​လောကမှာ နာမည်​တစ်​ခုရ​နေတဲ့အဆို​တော်​တစ်​ဦးပဲဖြစ်​ပါတယ်​။

အနုပညာရှင်​တစ်​ဦးဖြစ်​တဲ့ G Fatt ဟာ ရည်းစား​ဟောင်းဖြစ်​သူနဲ့ လမ်းခွဲထားတာ ကာလတစ်​ခုရှိ​နေပြီဆို​ပေမယ့် လူမှုစာမျက်​နှာ​ပေါ်က သတင်း​တချို့​ကြောင့် သူတို့စုံတွဲ ပြန်​တွဲကြမှာလားလို့ ပရိသတ်​ထင်​​ကြေး​ပေး​နေတာကို​တွေ့ရပါတယ်​။

G Fattက​တော့ ” အမေဆိုသည်မှာ ရုပ်တည်နဲ့ လာစတက်သေးတာ”လို့ဆိုတဲ့ စာသား​လေးနဲ့ မိခင်​ဖြစ်​သူ Happy Birthday လို့​ရေးပို့ထားတဲ့စာသား​လေးကို My Day မှာတင်​ထားခဲ့ပါတယ်​။

စက်​တင်​ဘာဟာ G Fattရဲ့​မွေးလမဟုတ်​တာ သိ​နေတဲ့ ဖန်​​တွေက​တော့ သို့​လော သို့​လော ဖြစ်​ကြမှာအမှန်​ပါပဲ။

ဒါ​ပေမဲ့ စက်​တင်​ဘာလရဲ့​မွေး​နေ့ရှင်​​လေးက​တော့ ရည်​စား​ဟောင်း​လေးတစ်​ဦးဆိုတာ​တော့ ​တော်​​တော်​များများသိကြမှာပါ​နော်​။

ဒါကို G Fatt အ​မေကသားဖြစ်​သူကို အတည်​​ပေါက်​နဲ့စလိုက်​ပုံပါပဲ။ G Fattကိုယ်​တိုင်​လည်း မိခင်​ရဲ့စ​နောက်​မှုကို အံ့သြသွားပုံရပါတယ်​။

လတ်​တ​လောမှာ​တော့ G Fattဟာ ဖန်​တီးမှုအသစ်​​တွေကို ​ရှေ့ဆက်​ပြုလုပ်​​နေပုံရပြီး
“ဒီလထဲမှာ လှုပ်ရှားမှုအသစ်​တွေ လာမယ် လို့ ​ပြောခဲ့တာ မှတ်မိတယ် မလား ?” လို့ ပရိသတ်​ကြီးကို ​မေးခွန်းထုတ်​ထားတာ​ကြောင့် သူ့ရဲ့ အနုပညာလှုပ်​ရှားမှုအသစ်​​တွေကို ဒီလထဲမှာ ကြည့်ရှုခွင့်ရမယ်​လို့ခန့်မှန်းရပါတယ်​။

Yin Khat Pan ( Writer – LLA )

Be the first to comment

Leave a Reply