ပျော်ရွှင်နေတဲ့ ချစ်သူတွေကြားမှာ ဒီနားလည်မှု (၈) ချက် ရှိပါတယ် …

နားလည်မှုတွေ ရှိမှသာ သင်တို့ နှစ်ယောက်ရဲ့ အချစ်ရေးက ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်နိုင်မှာပါ။

၁။ ဦးစားပေးအဆင့်ကို သတိထားပါ။

ချစ်သူဘဝက ကြာလာပြီဆိုရင် ချစ်သူထက် ဦးစားပေးသင့်တဲ့အရာတွေက များလာတတ်ပါတယ်။ ဥပမာ အလုပ်ကို ဦးစားပေးလွန်းအားကြီးလို့ ရန်ဖြစ်ရတဲ့ အတွေ့အကြုံလည်းရှိမှာပါ။

၂။ ဆုံးဖြတ်ချက်ကို မြန်မြန်နဲ့ တိတိကျကျ။

နှစ်ယောက်စလုံးဟာ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေရှိလို့သာ ချစ်သူတွေဖြစ်လာကြတာပါ။ ချစ်ကြိုက်တဲ့ကာလကကြာလာရင်တော့ ဆုံးဖြတ်သင့်တဲ့ကိစ္စတွေမှာ ချက်ချင်းမဆုံးဖြတ်နိုင်သလို၊ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့တွေလုပ်လာတတ်ပါတယ်။ ချစ်သူသက်တမ်းမှာ အဆင်ပြေစေဖို့ အချိန်မဆွဲပဲ မြန်မြန်လုပ်သင့်တာကို လုပ်ပါ။

၃။ ညီညီမျှမျှ လုပ်ပါ။

ချစ်သူကျတော့ တစ်မျိုး အပြင်လူကျတော့ တစ်မျိုး ဆက်ဆံရင်တော့ မကောင်းပါ။ ဆက်ဆံရေးတစ်ခုတည်းမဟုတ်ပဲ အခြားသောကိစ္စတွေမှာ လည်း ချစ်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး တန်းတူညီတူ ဆက်ဆံခြင်းဟာ ချစ်သူဘဝကို သာယာစေမှာပါ။

၄။ ပြောတဲ့အတိုင်း လုပ်ပါ။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူနဲ့ အသက်ရှည်နေကြတာပါ။ ကတိတွေပေးပြီးမှ မလုပ်ရင်တော့ ချစ်သူမှာလည်း စိတ်ထိခိုက်မှာဖြစ်သလို ကိုယ့်ကျင့်တရားဆိုတာက ဘာလဲဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။

၅။ ကိုယ်ပြောတာထက် သူပြောတာကို နားထောင်ပေးပါ။

ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောတာထက် နားထောင်တာက ပိုပြီး အရေးကြီးပါလိမ့်မယ်။ ချစ်သူတွေကြားမှာ များသောအားဖြင့် အလုပ်ထဲ မှာလို မဟုတ်တာကြောင့် ကိုယ်ကပြောချင်တာတွေကို မရပ်မနား ပြောနေ တတ်ပါတယ်။ သူ့မှာလည်း ပြောချင်တဲ့စကားတွေ ရှိကောင်းရှိပါလိမ့်မယ်။ သူ့ကို ဦးစားပေးလိုက်ပါ။

၆။ အတူတူသွားလာနေချိန်မှာ ဖုန်းမကလိပါနဲ့။

တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး မအားတဲ့ကြားကတွေ့နေရတဲ့ အချိန်မှာ ဖုန်းကို ကလိပြီး ဂိမ်းဆော့၊ Facebook နေရင်တော့ ချိန်းတွေ့နေ ရတဲ့အချိန်တွေက နှမြောစရာပါ။

၇။ အပြစ်တွေသိပ် မပြောနဲ့။

ချစ်သူကိုဖြစ်စေချင်တာတွေသိပ်များပြီး ကောင်းစေချင်လို့ ပြောလိုက်တဲ့ စကားတွေက သူ့အတွက်တော့ စိတ်ထိခိုက်စရာတွေ ဖြစ်နေတတ်ပါတယ်။ သူကလူပါ။ စက်ရုပ်မဟုတ်ပါ။ ကိုယ်ကလိုချင်တဲ့ အတိုင်း ဖြစ်စေချင် ရင်တော့ ရည်းစားမထားပါနဲ့။ စက်ရုပ်သာ ဝယ်ထားလိုက်ပါ။

၈။ သူ့ကိုလည်း ချီးမွမ်း ဂုဏ်ပြုသင့်ပါတယ်။

သူ့ကို ဘယ်လောက်တော်တယ် တတ်တယ်လို့ ချီးကျုးလိုက်တာကို မကြိုက် တဲ့သူမရှိပါ။ ချစ်သူသက်တမ်းကြာလာသည်နဲ့အမျှ စကားလုံးတွေလည်း နည်းလာတတ်တဲ့အတွက် သတိထားပါ။ Yin Khat Pan

Be the first to comment

Leave a Reply