ချစ်သူစုံတွဲ ၉၅ % ခန့်ကို ပိုမိုပျော်ရွှင်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ အချက် (၅) ချက်

အခုဖော်ပြမယ့် အရာ (၅) ခုကို ပြုလုပ်ရင် သင်တို့ချစ်သူနှစ်ဦး အရင်ကထက် ပိုမိုပျော်ရွှင် လာမယ်ဆိုတာ အာမခံ ပါတယ်။ သင်တစ်ယောက်တည်း ပြုလုပ်ရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ သင်ရော သင့်ချစ်သူရော နှစ်ဦးစလုံး လုပ်ဆောင်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။

၁။ သစ္စာရှိပါ။

သစ္စာတရားမရှိတဲ့ အချစ်ရေးတစ်ခုက ဘယ်တော့မှ ရေရှည်မခံပါဘူး။ ကိုယ်တိုင်က သစ္စာမရှိရင် ချစ်သူဆီက ယုံကြည်မှုကိုလည်း မရရှိနိုင်ပါဘူး။ ယုံကြည်မှုမရှိတော့ရင် သင်တို့ကြားမှာ သံသယတွေ ကြီးထွားလာပြီး ပြသနာတွေ ကြံဖန်တက်ပါလိမ့်မယ်။ ဒီအခြေအနေကို ရင်မဆိုင်နိုင်ရင် ချစ်သူနှစ်ဦး လမ်းခွဲကြတဲ့အထိ အခြေအနေ ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက သင့်ချစ်သူအပေါ်ကို သစ္စာရှိဖို့ ပါပဲ။

၂။ ချစ်ပေးပါ။

ချစ်သူနဲ့ ပေါင်းဖက်ချင်ရင် ချစ်သူကို ချစ်ပေးဖို့ လိုအပ်ပါတယ်။ ဒီစကားက အနည်းငယ် ရှုပ်ထွေးနိုင်ပါတယ်။ ချစ်ပေးလို့လဲ ချစ်သူတွေ ဖြစ်နေတာပေါ့လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ငါ့ချစ်သူငါ့ကို ချစ်မပေးဘူးလို့ ထင်နေတဲ့သူတွေ တစ်ပုံကြီးပါ။ သင်က ချစ်ပေးတယ်လို့ ကိုယ့်ကိုကိုယ် ထင်နေပေမဲ့ သင့်ချစ်သူကတော့ အထင်လွဲချင် လွဲနေမှာပါ။ အဲတော့ ဒီနေ့ကစပြီး သင့်ချစ်သူကို သေချာ ဂရုတစိုက်နဲ့ ချစ်ပါ။ ယုယုယယနဲ့ ကြင်ကြင်နာနာ ချစ်ပါ။ ဒါဆိုရင် သင့်ချစ်သူက သင့်အချစ်တွေကို အမှန်တကယ် ခံစားမိလာပါလိမ့်မယ်။

၃။ လေးစားမှုရှိပါ။

လူအများစုဟာ သူငယ်ချင်းတွေကြား၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ လေးစားမှု ထားတတ်ကြပေမဲ့၊ ကိုယ့်ချစ်သူနဲ့ ပက်သက်လာရင် လေးစားမှု မရှိတာကို တွေ့ရပါတယ်။ ကိုယ့်ချစ်သူရဲ့ ခံစားချက်တွေကို လေးစားသင့်ပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှု ရှိမှသာ ပတ်ဝန်းကျင်က အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

၄။ မကောင်းတဲ့ စိတ်တွေကို ထိန်းချုပ်ပါ။

အချစ်ရေးမှာမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မကောင်းတဲ့ စိတ်ကို ထိန်းချုပ်နိုင်မှ အောင်မြင်မှာပါ။ ကိုယ့်ချစ်သူ စိတ်ဆင်းရဲရမယ့် အလုပ်ကို အစကတည်းက မလုပ်ပါနဲ့။ လုပ်ပြီးခါမှ ပြသနာဖြေရှင်းရတာထက် စာရင်၊ မလုပ်ခင် ကြိုတင် ဆင်ခြင်လိုက်ရင် ပိုမကောင်းဘူးလား။ ချစ်သူမသိအောင် နောက်ထပ် ရည်းစားတစ်ယောက် ကောက်ထားလို့ ရချင် ရပါလိမ့်မယ်။ ဒါပေမယ့် အခုလို အကျင့်ဆိုးရှိတဲ့ သင့်ကို တစ်သက်လုံး ယုံယုံကြည်ကြည်နဲ့ လက်တွဲချင်တဲ့သူ တကယ်ကို ရှားသွားပါလိမ့်မယ်။

၅။ အချိန်ပေးပါ။

သစ္စာရှိရှိတော့ ချစ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအတွက် အချိန်သိပ်မပေးနိုင်ဘူးဆိုလဲ မဟုတ်သေးပါဘူး။ တသက်လုံး လက်တွဲသွားမယ့် ချစ်သူအတွက် အချိန်တစ်ခု ပေးနိုင်အောင် ကြိုးစားပါ။ အနာဂတ်အတွက် အလုပ်ကြိုးစားနေတယ်ဆိုတာ မှန်ပေမယ့် ချစ်သူနဲ့ တွေ့လိုက်ရတဲ့ အချိန်တွေကလဲ အလကား ဖြစ်မသွားဘူးဆိုတာ သိစေချင်ပါတယ်။ ချစ်သူနဲ့အတူ ချစ်ကြည်နူးလိုက်ရတဲ့ ဖီလင်ကြောင့် သင့်အလုပ်တွေကို နှစ်ဆ ပိုလုပ်နိုင်လာပါလိမ့်မယ်။

Be the first to comment

Leave a Reply